Connect with us

Asia

မကြာမီက ပြုလုပ်ခဲ့သော တောင် – မြောက် ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးပွဲက ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ဆို

ဇန်နဝါရီလ ၉ ရက်တွင် ပန်မွန်ဂျုံးရွာ၌ တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နှစ်ဖက်ကိုယ်စားလှယ်များ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)

မကြာသေးမီကပြုလုပ်ခဲ့သော တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံဆွေးနွေးပွဲက နှစ်ဖက်ပြဿနာရပ်အားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ၊ အကယ်၍ နှစ်ဖက်စလုံးက ဖြေရှင်းလိုသော ဆန္ဒရှိပါက ဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် Rodong Sinmun နေ့စဉ်သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင် “ ယခုအချိန်သည် မြောက် နှင့် တောင် ကိုရီးယားနှစ်နိုင်ငံအကြား နှစ်ဖက်ဆက်ဆံရေးတိုးတက်အောင် ဆွေးနွေးကြရမည့် အချိန်အခါကောင်းဖြစ်ကြောင်း နှင့် နိုင်ငံအတွက် နည်းလမ်းတစ်ခု ရှာဖွေသွားရမည်ဖြစ်ကြောင်း ” ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် နှစ်နှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုအဖြစ် ဇန်နဝါရီ ၉ ရက်တွင် နှစ်နိုင်ငံ နယ်စပ် ပန်မွန်ဂျုံးရွာ(Panmunjom) ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ကိုရီးယားကျွန်းဆွယ်တင်းမာမှုလျှော့ချရေးအပါအဝင် ပြုံချန်းအိုလံပစ်ပြိုင်ပွဲတွင် ပူးပေါင်းဆောင်ရွက်မှုမှတဆင့် နှစ်ဖက်သဘောတူညီမှုပေါင်းများစွာ ရရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်က ဇန်နဝါရီလ ၁ ရက်တွင် နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာ၌ တောင်ကိုရီးယားနိုင်ငံနှင့် နှစ်ဖက်ဆက်ဆံရေးတိုးကောင်းမွန်အောင် လုပ်ဆောင်မည်ဟု ထည့်သွင်းပြောကြားခဲ့ပြီးနောက်တွင် နှစ်ဖက် ဆွေးနွေးရေး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁၃ ရက်တွင် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် မြောက်ကိုရီးယားနိုင်ငံမှ အနုပညာရှင်များ စေလွှတ်နိုင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်လုပ်ငန်းအဆင့်ညှိနှိုင်းရေး ဆောင်ရွက်မှုကို လာမည့် ရက်သတ္တပတ်တွင်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.