Asia
အိန္ဒိယနိုင်ငံ ဒေလီလေဆိပ်တွင် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် ယိုစိမ့်မှုကြောင့် လူ ၂ ဦးကို ဆေးရုံ ပို့ဆောင်ခဲ့ရ
နယူးဒေလီ ၊ မေ ၂၉ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီတွင် ရှိသည့် အိန္ဒိယ ဂန္ဒ္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေယာဉ်တင် ကုန်ပစ္စည်းများ ထားရှိရာ နေရာတွင် မေလ ၂၉ ရက်၌ ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် ယိုစိမ့်မှုကို တွေ့ရှိခဲ့ပြီးနောက် လေယာဉ်တင် ကုန်ပစ္စည်းများကို ကိုင်ဆောင်ရသူ ၂ ဦးကို ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်။
အိန္ဒိယနိုင်ငံ ပြည်ထဲရေး ဝန်ကြီး Rajnath Singh က ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် ယိုစိမ့်မှုကို ထိန်းချုပ် လိုက်သောကြောင့် ပြည်သူများ မကြောက်လန့်ကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
အိန္ဒိယ ရုပ်မြင်သံကြားများတွင် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် ယိုစိမ့်မှုသည် လေယာဉ်တင် ကုန်ပစ္စည်းများ ထားရှိရာ နေရာရှိ ဆိုဒီယမ် အိုင်အိုဒင်း ကုန်စည်များမှ ယိုစိမ့်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
အခင်းဖြစ်ပွားပြီး မကြာခင်တွင် အမျိုးသား သဘာဝဘေး ကာကွယ်ရေး တပ်ဖွဲ့၏ အဖျက်သမား ဆန့်ကျင်ရေး အဖွဲ့များနှင့် အခြားတာဝန်ရှိသည့် အင်အားစုများ ဖြစ်ပွားရာနေရာသို့ အမြန်ဆုံး ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)