Connect with us

Asia

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် တွင် မီးရှုးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၈ ဦးသေဆုံး

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် Guradaspur ဒေသတွင် မီးရှုးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားသော နေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်(အင်တာနက်)

နယူးဒေလီ၊စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် Guradaspur ဒေသတွင်စက်တင်ဘာ ၄ ရက်ညနေပိုင်း၌ မီးရှုးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးကာ လူ ၁၀ ဦး ထက်မနည်းထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း အိန္ဒိယမီဒီယာတစ်ခု၏ဖော်ပြချက်အရသိရသည်။

၎င်းမီးရှုးမီးပန်းစက်ရုံသည် လူနေရပ်ကွက်အတွင်းတည်ရှိပြီး ယင်းနေ့ညနေပိုင်း ၄ နာရီ ခန့် အချိန်၌

ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိုနေရာတွင် လူရုပ်အလောင်း ၁၈ လောင်းတွေ့ရှိခဲ့ကြောင်း၊အချင်းဖြစ်ပွားရာ

သို့ ဒေသရဲတပ်ဖွဲ့များနှင့်အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ပြီး ဒဏ်ရာရရှိသူတို့ကို ဒေသဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ဒေသအစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်အရသိရသည်။

လူအချို့အပျက်အစီးများအကြားပိတ်မိနေပြီး သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ကြောင်း ရဲတပ်ဖွဲ့မှပြောကြား ချက်အရသိရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားမှုအပေါ် ဝမ်းနည်းကြေကွဲမိကြောင်းနှင့်သက်ဆိုင်ရာ ဌာနများမှ အစွမ်းကုန်ကယ်ဆယ်ရေး လုပ်ငန်းမျာလုပ်ဆောင်ကြရန် ပန်ဂျပ်ပြည်နယ် ထိပ်တန်းဝန်ကြီး မာမိုဟမ်း ဆင်း က ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြထားသည်။(ဆင်ဟွာ)