Connect with us

Asia

ထိုင်းနိုင်ငံတွင် အပူပိုင်းလေမုန်တိုင်း Podul တိုက်ခတ်မှုဖြစ်ပွား

ထိုင်းနိုင်ငံသို့  အပူပိုင်းလေမုန်တိုင်း Podul ၀င်ရောက်တိုက်ခတ်နေပုံ(အင်တာနက်)

ဘန်ကောက်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် အပူပိုင်းလေမုန်တိုင်း Podul တိုက်ခတ်မှုကြောင့်သေဆုံးသူဦးရေ ၇ ဦးထိမြင့်တက်လာကြောင်းသိရှိရသည်။

ထိုင်းနိုင်ငံတွင် သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၃ ရက်ထိ အပူပိုင်းလေမုန်တိုင်း Podul ဝင်ရောက်တိုက်ခတ်ခဲ့ရာလူ ၇ ဦးသေဆုံး၍ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး နောက်ထပ်လူ ၃ ဦး ပျောက်ဆုံး

နေကြောင်းစက်တင်ဘာ ၃ ရက်ကထိုင်းနိုင်ငံပြည်ထဲရေးသဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး

နှင့်လျော့ပါးရေးဌာန၏ ဝက်ဘ်ဆိုက် မှဖော်ပြချက်အရသိရသည်။

ထိုင်းနိုင်ငံတွင် အပူပိုင်းလေမုန်တိုင်း Podul ဖြစ်ပွားပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းဒေသ ၂၆ ခုတွင်ရေကြီးရေလျှံမှုများ ၊ တောင်မြေပြို ကျ

မှုများနှင့်လမ်းပိတ်ဆ့ို မှုများအစရှိသောသဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ကြောင်း ၊ khon kaen ပြည်နယ် ဒေသ ၉ ခုတွင်လည်းယခုထိအိမ်ခြေပေါင်း ၅၀,၀၀၀ ခန့် ဘေးအန္တရာယ်ကျရောက်နေပြီး

သက်ဆိုင်ရာအာဏာပိုင်များက khon kaen ပြည်နယ် Ban Phai ခရိုင်ဒေသ ၅ ခုရှိ ဒုက္ခသည်စုစု ပေါင်း ၂,၄၄၁ ဦးတို့ကိုဘေးကင်းရာသို့ပြောင်းရွှေခဲ့ကြောင်း ယင်းဖော်ပြချက် အရသိရသည်။

တောင်တရုတ်ပင်လယ်၌ ဖြစ်ပေါ်နေသော အပူပိုင်းလေဖိအားနည်းရပ်ဝန်း Kajikiသည်လည်း စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်းဒေသသို့ဦးတည်ရွေ့လျားလျက်ရှိပြီး ၎င်း၏အရှိန်ကြောင့်ထိုင်းနိုင်ငံနေရာအနှံ့အပြားတွင်မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။(xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.