Asia
အိန္ဒိယနိုင်ငံ မြို့တော်တွင် ငလျင်လှုပ်ခတ်
နယူးဒေလီ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် ဇူလိုင်လ ၃ ရက် နံနက် အစောပိုင်းက ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၃ း ၄၇ နာရီက လှုပ်ခတ်ခဲ့ပြီး ပမာဏ ၂.၈ ရစ်ချ်တာစကေး ရှိကြောင်း ငလျင်ပညာ အမျိုးသားစင်တာထံမှ သိရသည်။
ငလျင်ကြောင့် လူအသေအပျောက်နှင့် နေအိမ်ပျက်စီးခြင်း သတင်းများမရရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)