Connect with us

Asia

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဝင်းနံရံပြိုကျမှုကြောင့် လူ ၁ဦးသေ၊ ၂ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ယခင်ကပြိုကျခဲ့သည့် ဝင်းနံရံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မွမ်ဘိုင်းမြို့ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ရာတစ်ခု၏ ဝင်းနံရံ ပြိုကျခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ က ဇူလိုင် ၃ ရက်တွင်ပြောကြားခဲ့သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပေ ၃၀ရှည်လျားသော အဆိုပါ ဝင်းနံရံသည် သိမ်းမြို့ ရှိ Patlipada ဧရိယာတွင် တည်ရှိပြီး အနည်းဆုံး နေအိမ် ၄ အိမ်ပေါ်သို့ ဇူလိုင် ၂ရက်ညပိုင်းတွင် ပြိုကျခဲ့ကြောင်း သိရသည်။

သိမ်းမြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Santosh Kadam က နေအိမ်များပေါ်သို့ နံရံပြိုကျခဲ့၍ အဆိုပါနေရာ၌ပင် လူတစ်ဦးသေဆုံးသွားခဲ့ပြီး အမျိုးသမီးတစ်ဦး နှင့် ကလေးငယ် တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အခင်းဖြစ်ပွားရာသို့ လူအင်အား နှင့် စက်အင်အားများ ချက်ချင်း စေလွှတ်ပေးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများကို Kalwa မြို့ရှိ Chhatrapati Shivaji Maharaj ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တာဝန်ရှိသူများသည် ကြိုတင်ကာကွယ်သည့်အနေဖြင့် နံရံပြိုကျမှုဖြစ်ပွားခဲ့သော နေရာအနီးမှ နေအိမ် ၅အိမ်ကို နေရာရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။

တာဝန်ရှိသူများက ပြိုကျခဲ့သော နံရံ၏ လက်ကျန် အစိတ်အပိုင်းများသည် အခြားသူများအတွက် အန္တရာယ်ရှိနိုင်သောကြောင့် မြို့အာဏာပိုင်များက မြေတူးစက်များဖြင့် ဖြိုချခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.