Connect with us

Asia

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် လူကူးတံတားပြိုကျ၍ လူ ၅ဦးသေ၊ ၃၂ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ပြိုကျခဲ့သည့် လူကူးတံတားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မွမ်ဘိုင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ တွင် လူကူးတံတားတစ်စင်း ပြိုကျမှုကြောင့် အမျိုးသမီး ၃ဦးအပါအဝင် လူ ၅ဦးသေဆုံးခဲ့ကြောင်း မတ် ၁၄ရက် နှောင်းပိုင်းသတင်းများ ကဖော်ပြခဲ့သည်။

ယင်းတံတားပြိုကျမှုကြောင့် လူ ၃၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။၁၉၈၀ပြည့်နှစ်တွင် တည်ဆောက်ခဲ့သော ယင်းလူကူးတံတား သည် မတ် ၁၄ရက် ည ရး၃၀နာရီ တွင် လူအသွားအလာရှုပ်ထွေးနေစဉ် ပြိုကျခဲ့ကြောင်း နှင့် အဆိုပါ တံတားသည် အိန္ဒိယနိုင်ငံရှိ လူအရှုပ်ဆုံး ဘူတာရုံများအနက် တစ်ခုဖြစ်သည့် Chhatrapati Shivaji Maharaj ဘူတာရုံ နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

ရထားလမ်းဝန်ကြီးဌာနက အဆိုပါ တံတားသည် (BMC) Brihanmumbai Municipal Corporation မှ တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများကို ကူညီထောက်ပံ့မှုအားလုံး ဖြည့်ဆည်းပေးနေကြောင်း နှင့် မီးရထား ဆရာဝန် များ နှင့် ဝန်ထမ်းများက BMC နှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီ က သေဆုံးသွားသူများအတွက် ဝမ်းနည်းပါကြောင်း၊ ဒဏ်ရာရရှိသူများလည်း အမြန်ဆုံး သက်သာလာပါစေကြောင်း နှင့် Maharashtra ပြည်နယ်အစိုးရက ထိခိုက်နစ်နာသူများကို လိုအပ်သည့်အကူအညီအားလုံး ထောက်ပံ့ပေးနေကြောင်းပြောကြားခဲ့သည်။ (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.