Connect with us

Asia

ဗီယက်နမ်နိုင်ငံ အခြားပြည်နယ်ပါ အာဖရိက ဝက်အပြင်းဖျားရောဂါ ပျံ့နှံ့

ဗီယက်နမ်နိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ခံရသည့် ဝက်တစ်ကောင်အား ကျန်းမာရေးဝန်ထမ်းများ ကိုင်တွယ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Nghe An ပြည်နယ်က နိုင်ငံအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ (African swine fever= ASF) ကူးစက်ခံရသည့် နောက်ဆုံးနယ်မြေဖြစ်လာခဲ့ကြောင်း ဒေသခံမီဒီယာက မတ်လ ၁၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။

Quynh Luu ခရိုင်တွင် ASF ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် ရောဂါပျံ့နှံ့ခြင်းမှကာကွယ်ရန် ရောဂါကူးစက်ခံရသော ဝက် ၂၂ ကောင်လုံးအား သတ်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနလက်အောက်ရှိ Nong Nghiep Viet Nam (ဗီယက်နမ် စိုက်ပျိုးမွေးမြူရေး) နေ့စဉ်ထုတ်သတင်းစာ၌ ရေးသားထားသည်။

ဗီယက်နမ် သတင်းအေဂျင်စီ၏ မတ်လ ၁၃ ရက်နေ့ ဖော်ပြချက်အရ မြို့တော် ဟနွိုင်းအပါအဝင် ဗီယက်နမ်နိုင်ငံရှိ ဒေသ ၁၄ ခုတွင် အဆိုပါရောဂါ ကူးစက်ခံရပြီးဖြစ်ကြောင်း သိရသည်။

ထို ASF ရောဂါမှာ နိုင်ငံပေါင်း ၂၀ ကျော်သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး ယခုထိ ရောဂါကာကွယ်ဆေးမရှိသေးကြောင်း တိရစ္ဆာန်ကျန်းမာရေး ကမ္ဘာ့အဖွဲ့အစည်း၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.