Asia
အိန္ဒိယနိုင်ငံ သံမဏိစက်ရုံ ပေါက်ကွဲမှုတွင် လူ ၆ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ
နယူးဒေလီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ Chhattisgarh ပြည်နယ်ရှိ သံမဏိစက်ရုံတွင် အောက်တိုဘာလ ၉ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၆ ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် Chhattisgarh ပြည်နယ်မြို့တော် Raipur မှ ကီလိုမီတာ ၃၀ အကွာ Bhilai မြို့ရှိ နိုင်ငံပိုင် သံမဏိစက်ရုံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“Bhilai သံမဏိစက်ရုံရဲ့ ဓာတ်ငွေ့ပိုက်လိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ သေဆုံးသူ ၆ ဦးရဲ့အလောင်းတွေကို တွေ့ရှိခဲ့ပြီး ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံကို ပို့ပေးခဲ့တယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက ပေါက်ကွဲမှုဖြစ်ရာ စက်ရုံသို့ ချက်ချင်းရောက်ရှိသွားခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးရန်ညွှန်ကြားထားကြောင်း အခြားတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “ဒါက အကြမ်းဖက်မှုမပါဘဲ မတော်တဆပေါက်ကွဲခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အစီရင်ခံစာကို ကျွန်တော်တို့ စောင့်နေဦးမှာပါ” ဟု ၎င်းက ဆိုသည်။
Bhilai သံမဏိစက်ရုံတွင် ပေါက်ကွဲမှုမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ လွန်ခဲ့သည့်လေးနှစ်က ယင်းစက်ရုံရှိ မီးပြင်းဖို ပေါက်ကွဲမှုတစ်ခုကြောင့် အလုပ်သမား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)