Connect with us

Asia

ဥဇဘက်ကစ္စတန်နိုင်ငံ လူနေအိမ်ခြေတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားရာ ကလေးငယ် ၂ ဦး သေဆုံး

မီးလောင်မှုဖြစ်ပွားနေသည့် လူနေအိမ်ခြေ တစ်ခု အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တပ်ရှ်ကန့်မြို့၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

ဥဇဘက်ကစ္စတန်နိုင်ငံ တောင်ပိုင်း Kashkadaryaရှိ လူနေအိမ်ခြေ တစ်ခုတွင် အောက်တိုဘ ၈ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း အရေးပေါ် အခြေအနေ စီမံကွပ်ကဲမှုဌာနမှ ယင်းနေ့တွင် ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားချိန်မှာ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းတွင် ဖြစ်ကြောင်း ၊ ၅ နှစ် အရွယ်ကလေး ငယ်နှင့် ၂ နှစ်အရွယ်ကလေးငယ် နှစ်ဦးမှာ မီးလောင်ဒဏ်ရာပြင်းထန်ရာ ဆေးရုံတွင် အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်နေစဉ် သေဆုံးခဲ့ကြောင်း အရေးပေါ် အခြေအနေ စီမံကွပ်ကဲမှုဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ၊ ပေါက်ကွဲမှုမှာ ဂတ်စ်မီးဖိုက တစ်ဆင့်ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.