Asia
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဓာတုသိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွား

နယူးဒေလီ၊ ဇွန် ၈ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်ဂေါပြည်နယ် ကိုလ်ကတ္တားမြို့ရှိ ဓာတုပစ္စည်းများ သိုလှောင်ရုံတစ်ခုအတွင်း ဇွန်လ ၈ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးသတ်သမား ၂၀ ဦးဖြင့် အချိန် ၂ နာရီခန့်ကြာအောင်မီးလောင်မှုအား ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ နာမည်ကျော် Howrah တံတားအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် လူသေဆုံးမှုများ မရှိကြောင်းသိရသည်။
မီးလောင်မှုအနီးဝန်းကျင်ရှိ ဒေသခံများနှင့် မီးခိုးများပိတ်ဆို့မှု ကြုံတွေ့ခဲ့ရသည့် ပြည်သူများအား ဘေးကင်းရာနေရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)