Connect with us

Asia

ကမ္ဘောဒီးယားတွင် ယာဉ်တိုက်မှုကြောင့် လူ ၁၀ ဦးသေဆုံး

ယာဉ်တိုက်မှုဖြစ်ပေါ်သော အမှတ်(၄) အမျိုးသာလမ်းမကြီးအားတွေ့ရစဉ်(အင်တာနက်)

ဖနွမ်းပင်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

အနောက်တောင်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏ Kampong Speuပြည်နယ်တွင် ဇွန် ၈ ရက် ညနေပိုင်းက ယာဉ်တစ်စီးတိုက်မှုဖြစ်ပွားပြီး လူ ၄ဦး ဒဏ်ရာရရှိကာ ၁၀ ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်း အကြီးတန်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဝမ်းနည်းဖွယ်ရာကောင်းသည့် ယာဉ်တိုက်မှုသည် အမှတ်(၄) အမျိုးသားလမ်းမကြီးတွင်ဖြစ်ပွားခဲ့ပြီး Highlanderအမျိုးအစားကားတစ်စီးကို အရှိန်ဖြင့်ကျော်တက်ရာ နိုင်ငံခြားသားခရီးသည်များ သယ်ဆောင်လာသည့် မီနီဘတ်စ်အား တိုက်မိကာ ထပ်မံ၍ ကုန်တင်ယာဉ်တစ်စီးကို တိုက်မီပြီး မီးခိုးများထွက်လာကြောင်း Kampong Speu ပြည်နယ်၏ လက်ထောက်ရဲချုပ် Tab Lonက ပြောသည်။

“Highlanderယာဉ်ပေါ်မှ ၅ဦးနှင့် ခရီးသည်တင်မီနီဘတ်စ်ပေါ်မှ ၅ဦး၊ ၁၀ ဦးသေဆုံးခဲ့တယ်လို့ အတည်ပြုနိုင်ပြီး အခြား လူ ၄ဦးဒဏ်ရာရရှိတယ်”ဟု ဆင်ဟွာသတင်းဌာန ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို လက်ထောက်ရဲချုပ် Tab Lonကဖြေကြားခဲ့သည်။တချို့အလောင်းများသည် မီးလောင်သွားမှုကြောင့် သေဆုံးသူများ၏ အထောက်အထားများ မရရှိသေးကြောင်း ၎င်းကဆိုသည်။ကမ္ဘေားဒီးယားနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး သေဆုံးမှုနှုန်းမြင့်တက်နေကြောင်း သိရသည်။၂၀၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် ၁၇၆၁ ဦးသေဆုံးပြီး ၄၇၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်များအရ သိရသည်။(Xinhua)