Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ထရပ်ကားဖြင့် တိုက်မိမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅ဦးသေဆုံး

အိန္ဒိယနိုင်ငံ စစ်ဆေးရေးဂိတ်တစ်ခု၌ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ်တွင် ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက်တွင်ပြောကြားခဲ့သည်။

အကြီးတန်းရဲတပ်ဖွဲ့ဝင်တစ်ဦး က ပြည်နယ်၏ Muzaffarpur ခရိုင် ရှိ Akurahan Dhalaမြို့ အနီးတွင် စက်တင်ဘာ ၁၀ ရက်ညနှောင်းပိုင်း၌ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေသည့် ရဲတပ်ဖွဲ့ဝင် ၉ဦးအား ထရပ်ကားတစ်စီးက အရှိန်ဖြင့် ဝင်တိုက်သွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ယင်းသို့ ဝင်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅ဦးမှာအခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ပြီး ကျန်ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကာ တစ်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။အဖျော်ယမကာများစွာ တရားမဝင်သယ်ဆောင်လာမည်ဟု သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက လမ်းတွင် အတားအဆီးများချ၍ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် ထရပ်ကားတစ်စီးသည် ရပ်တန့်ခြင်းမပြုဘဲ အရှိန်ဖြင့် ရဲတပ်ဖွဲ့ဝင်များအား ဝင်တိုက်သွားခဲ့ကြောင်း တာဝန်ရှိသူ က ပြောကြားခဲ့သည်။

၎င်းက အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေပြီး အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားသည့် ထရပ်ကားမောင်းသူကိုလည်း ပိုက်စိပ်တိုက်ရှာဖွေနေကြောင်းပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံသည် ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ပြီး ယာဉ်မတော်တဆမှုအများစုသည် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းများပျက်စီးနေခြင်း နှင့် ယာဉ်များ အိုဟောင်းနေခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။ (Xinhu

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.