Connect with us

Asia

မလေးရှားတွင် ဘာသာရေးစာသင်ကျောင်းတစ်ခု မီးလောင်ရာ လူ ၂၅ဦးဒဏ်ရာရရှိ

မလေးရှားနိုင်ငံတွင် မီးလောင်ခဲ့သည့် ဘာသာရေးစာသင်ကျောင်းအတွင်းပိုင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ ဘာသာရေးစာသင်ကျောင်းတစ်ခုတွင် စက်တင်ဘာ ၁၄ ရက် နံနက်အစောပိုင်းက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၅ဦးသေဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံ မီးသတ် နှင့် ကယ်ဆယ်ရေးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

အာဏာပိုင်များမှ ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ သေဆုံးသူ ၂၂ဦးမှာ ကျောင်းသားများဖြစ်ပြီး ကျန်၃ဦးမှာ ဘာသာရေးဆရာများ ဖြစ်ကြောင်း သိရသည်။

ဒေသစံတော်ချိန် နံနက် ၅း၄၁မိနစ်ဝန်းကျင်တွင် မီးလောင်မှုသတင်းရရှိပြီးနောက် မီးသတ်ဝန်ထမ်းများအား အခင်းဖြစ်ပွားရာသို့ စေလွှတ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းဋ္ဌာန ဘာနာမာကဖော်ပြခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက အမှန်တကယ် သေဆုံးသူ နှင့် ဒဏ်ရာရရှိသူအရေအတွက်ကို စစ်ဆေးနေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူ အချို့ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တွစ်တာစာမျက်နှာတွင် တင်ထားသည့် ဗွီဒီယိုဖိုင်များအရ မီးသတ်သမားများမရောက်ရှိလာခင် သုံးထပ်အဆောက်အအုံ ဘာသာရေးစာသင်ကျောင်းတစ်ခုတွင် မီးတောက်များထွက်ပေါ်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.