Asia
အိန္ဒိယနိုင်ငံ ဥတ္တရပဒေသပြည်နယ်တွင် ဘတ်စ်ကားနှင့် ကုန်ကား တိုက်မိမှုဖြစ်ပွား၊ အနည်းဆုံး လူ (၁၇)ဦး သေဆုံး

နယူးဒေလီ၊ ဇွန် ၉ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ဥတ္တရပဒေသပြည်နယ်တွင် ဇွန် ၈ ရက်ညပိုင်းက ဘတ်စ်ကားနှင့်ကုန်ကား တိုက်မိမှုဖြစ်ပွားရာ အနည်းဆုံး လူ (၁၇)ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ ၉ ရက် သတင်းများအရ သိရသည်။ဘတ်စ်ကားနှင့်ကုန်တင်ကားသည် ဇွန် ၈ ရက် ညပိုင်းက ဥတ္တရပဒေသပြည်နယ် Kanpur Nagarဒေသတွင် တိုက်မိခဲ့ခြင်းဖြစ်ပြီး လူ (၁၆)ဦး အချင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ၊ ဒဏ်ရာရသူများအား ဒေသန္တရဆေးရုံသို့ ပို့ဆောင်ကုပသပေးလျက်ရှိရာ ၎င်းတို့အနက် (၁)ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဥတ္တရပဒေသပြည်နယ် Kanpur Nagarဒေသ ယာဉ်တိုက်မှုဖြစ်ပွားရာ အချင်းဖြစ်နေရာတွင် ပျက်စီးသွားသည့်ယာဉ်အား ကရိန်းဖြင့်သယ်နေသည်ကို ဇွန် ၈ ရက်က ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)
သေဆုံးသူတို့၏မိသားစုဝင်များအား အားပေးနှစ်သိမ့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဇွန် ၉ ရက် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဒေသခံရဲတပ်ဖွဲ့က အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဥတ္တရပဒေသပြည်နယ် Kanpur Nagarဒေသ ယာဉ်တိုက်မှုဖြစ်ပွားရာ အချင်းဖြစ်နေရာတွင် ပျက်စီးသွားသည့်ယာဉ်အား ကရိန်းဖြင့်သယ်နေသည်ကို ဇွန် ၈ ရက်က ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)
လမ်းအခြေအနေ ဆိုးဝါးခြင်း၊ ယာဉ်မောင်းများ၏ အရှိန်လွန်မောင်းနှင်ခြင်း၊ ဝန်ပိုတင်ဆောင်ခြင်း စသည့် စည်းကမ်းလိုက်နာမှုမရှိခြင်းကြောင့် အိန္ဒိယတွင် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ အပြည့်အစုံမဟုတ်သည့် စာရင်းများအရ အိန္ဒိယတွင် နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ (၁၅၀,၀၀၀)ရှိ ကြောင်း သိရသည်။ (Xinhua)
——————————————————-
(Chinese Version)
(社会)公交车与货车在印度北方邦相撞导致至少17人死亡
新华社新德里6月9日电(记者姜磊)据印度媒体9日报道,印度北方邦8日夜间发生公交车与货车相撞事故,导致至少17人死亡。
据报道,一辆公交车和一辆货车8日晚在北方邦坎普尔讷格尔地区相撞,16人当场死亡,伤者被送往当地医院救治,其中1名伤者送医后救治无效死亡。
印度总理莫迪9日通过社交媒体向死者家属表示慰问。当地警方已对事故原因展开调查。
因道路状况恶劣以及驾驶员超速、超载等违规操作,印度交通事故频发。据不完全统计,印度每年有约15万人死于交通事故。(完)
图说1,2: 6月8日晚,救援车辆在印度北方邦坎普尔讷格尔地区的事故现场吊起事故车辆残骸。新华社发
图说3:6月8日晚,人们聚集在印度北方邦坎普尔讷格尔地区的车辆相撞事故现场。 新华社发