Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၏ လှုပ်ရှားမှုအများဆုံး Mount Merapi မီးတောင်ရှင်မှ မီးခိုးပူများ မှုတ်ထုတ်

Mount Merapi မီးတောင် ပေါက်ကွဲမှုကို အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားပြည်နယ် Balerante ကျေးရွာမှ ၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံရှိ လှုပ်ရှားမှုအရှိဆုံး မီးတောင်ရှင် Mount Merapi မှ အနောက်တောင်ဘက် မီတာ ၁,၆၀၀ ကျော်အထိ မီးခိုးပူများ သုံးကြိမ် မှုတ်ထုတ်ခဲ့ကြောင်း ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာက ဇွန် ၉ ရက်၌ ပြောကြားခဲ့သည်။ပထမဆုံး မီးခိုးပူမှုတ်ထုတ်မှုဟာ ဒေသစံတော်ချိန် နံနက် ၃:၁၆ နာရီက ဖြစ်ပွားခဲ့ပြီး ပူပြင်းလှတဲ့ မီးတောင်ချော်ပြာတွေက အနောက်တောင်ဘက် ၁,၅၀၀ မီတာအထိ ၁၂၉ စက္ကန့်ကြာ စီးဆင်းသွားတယ် ဟု စင်တာ အကြီးအကဲ Hanik Humaida က ပြောခဲ့သည်။

Merapi မီးတောင်မှ ဒုတိယအကြိမ် မှုတ်ထုတ်မှုကတော့ ဒေသစံတော်ချိန် နံနက် ၉:၃၁ နာရီမှာဖြစ်ခဲ့ပြီး အနောက်တောင်ဘက် မီတာ ၁,၀၀၀ ခန့်အထိ ၉၃ စက္ကန့်ကြာ မှုတ်ထုတ်ခဲ့ပြီး တတိယအကြိမ်ကတော့ ဒေသစံတော်ချိန် နံနက် ၉:၅၃ နာရီမှာ မီတာ ၁,၆၀၀ အထိ ၁၂၁ စက္ကန့်အကြာ မှုတ်ထုတ်ခဲ့ခြင်းဖြစ်ဖြစ်ကြောင်း သိရသည်။

အနောက်ဂျာဗားနှင့် Yogyakarta ပြည်နယ်များကြား နယ်စပ်တွင် တည်ရှိသော အဆိုပါ မီးတောင်အား ယခုအခါ တတိယ အန္တရာယ်အရှိဆုံးအဆင့်တွင် ထည့်သွင်းထားကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မီးတောင်မှထုတ်လွှတ်သောအရာများမှ ရှောင်ရှားနိုင်ရန် အန္တရာယ်ဇုံဟုသတ်မှတ်ထားသော မီးတောင်ဝမှ အချင်းဝက် ၃ ကီလိုမီတာအတွင်း နေထိုင်ခြင်းမပြုရန် စင်တာက တိုက်တွန်းထားသည်။

ထို့ပြင် ပြည်သူများအနေဖြင့် Merapi မီးတောင်မှ Kuning, Boyong, Bedog, Krasak, Bebeng နှင့် Putih မြစ်များ အပါအဝင် မြစ်များတစ်လျှောက် စီးဆင်းလာသော မီးတောင်ချော်ရည်များနှင့် မီးခိုးပူများမှ ရှောင်ရှားကြရန် အာဏာပိုင်များက တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

——————————————————-
(English Version)

Indonesia’s most active volvano Mount Merapi emits hot clouds

JAKARTA, June 9 (Xinhua) — Indonesia’s most active volcano Mount Merapi emitted hot clouds three times as far as 1,600 meters to the southwest, the Geological Disaster Technology Research and Development Center said on Wednesday.

“The first blast of the hot clouds occurred at 3:16 a.m. local time with incandescent lava flowing as far as 1,500 meters to the southwest for 129 seconds,” the center’s head Hanik Humaida said.

Merapi blasted off the second hot clouds at 9:31 a.m. local time as far as 1,000 meters to the southwest for 93 seconds while the third happened at 9:53 a.m. local time flowing up to 1,600 meters for 121 seconds.

Located on the border between Central Java and Yogyakarta provinces, the volcano is now in the status of third danger level. The center has urged people not to be in the danger zone within a radius of three km from the crater to keep away from ejections of volcanic materials.

Authorities also asked people to avoid lava flows and hot clouds flowing through rivers that stream down from Merapi such as Kuning, Boyong, Bedog, Krasak, Bebeng, and Putih rivers. Enditem

Mount Merapi erupts in this photo taken from Balerante village, Central Java, Indonesia, March 3, 2020. One of the most active volcanos in Indonesia, Mount Merapi, erupted earlier Tuesday, spewing a column of thick ash by up to six km high and posing as a potential to disturb flights, a senior official said. (Photo by Budi Siswato/Xinhua)