Asia
အိန္ဒိယမြောက်ပိုင်းတွင် ဘတ်စ်ကား တစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၂၀ဦးသေဆုံး

နယူးဒေလီ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း Himachal Pradesh ပြည်နယ် တွင် ဇူလိုင် ၂၀ ရက်က ဘတ်စ်ကား တစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ဇူလိုင် ၂၀ ရက်တွင်ပြောကြားခဲ့သည်။
၎င်းက ပြည်နယ်မြို့တော် Shimla မြို့ မှ ၁၂၀ကီလိုမီတာခန့်အကွာ Rampurမြို့အနီးရှိ အမှတ် (၅) အမျိုးသားအဝေးပြေးလမ်းမ ပေါ်တွင် ပုဂ္ဂလိကပိုင် ခရီးသည်တင်ယာဉ်တစ်စီး သည် အရှိန်လွန်ပြီး ချောက်တစ်ခုအတွင်းသို့ ပြုတ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။
တာဝန်ရှိသူ က ယခုအချိန်အထိ ယင်းဘတ်စ်ကားအတွင်းမှ ရုပ်အလောင်း ၂၀ခန့်နှင့် ဒဏ်ရာရရှိသူ ၄ဦးကို ဆွဲတင်နိုင်ခဲ့ပြီး ဘတ်စ်ကားသည် အမြင့်မီတာ ၂၀၀နီးပါရှိသည့် ချောက်အတွင်းပြုတ်ကျခဲ့သောကြောင့် သေဆုံးသူ ဦးရေမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူ ၄ဦးကို ဒေသတွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ၎င်းကပြောကြားခဲ့သည်။
ခရီးသည်တင်ယာဉ်တွင် ယာဉ်မောင်းတစ်ဦး နှင့် ယာဉ်အကူတစ်ဦးအပါအဝင် လူ ၄၀ကျော်တင်ဆောင်လာပြီး Himachal Pradesh ပြည်နယ် Kinnaur ခရိုင် ရှိ Reckong Peo မြို့မှ Solan ခရီးသွားအပန်းဖြေစခန်းသို့ မောင်းနှင်နေခြင်းဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူက အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)