Connect with us

Asia

ဂျပန်နိုင်ငံ ဖူကူရှီးမား ကမ်းရိုးတန်းပြင်ပတွင် ပြင်းအား ပမာဏ ၅.၆ ရှိသော ငလျင် လှုပ်ခတ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ

ငလျင်ကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဟွန်ရှုးကျွန်းရှိ တိုဟိုကူဒေသ မြောက်ပိုင်း ဖူကူရှီးမား စီရင်စု ကမ်းရိုးတန်းပြင်ပတွင် ကနဦး တိုင်းတာချက်အရ ပြင်းအားပမာဏ ၅.၆ ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေကြောင်း သိရသည်။

ဂျပန် မိုးလေဝသလုပ်ငန်း (JMA) တိုင်းတာချက်အရ အဆိုပါ ငလျင်မှာ ဒေသစံတော်ချိန် နံနက် ၉း၁၁ နာရီအချိန်က မြောက်လတ္တီကျု ၃၇.၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ ၁၄၁.၆ ဒီဂရီ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ငလျင်သည် ပစိဖိတ် သမုဒ္ဒရာအတွင်း အနက် ၄၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး တိုဟိုကူဒေသနှင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း တစ်ခွင် မုန်တိုင်းဒဏ်ခံစားခဲ့ရသည်ဟု ဆိုသည်။

ဂျပန်တွင် ငလျင် အတိုင်းအတာအရ အင်အား အပြင်းဆုံးမှာ အဆင့် ၇ ဖြင့် သတ်မှတ်ထားပြီး ယခုငလျင်အား ဖူကူရှီးမားစီရင်စု ဟမ်မာဒိုရီ ကမ်းရိုးတန်းဒေသ တောင်ပိုင်းရှိ အီဝါကီမြို့တွင် အဆင့် ၄ အဖြစ် လည်းကောင်း၊ တိုဟိုကူဒေသ မီယာဂျိစီရင်စုရှိ အီရှီနိုမာကိမြို့တွင် အဆင့် ၄ အဖြစ်လည်းကောင်း၊ တိုဟိုကူဒေသရှိ အီဝတ်စီရင်စုနှင့် အီဘာရာကိစီရင်စုရှိ အချို့နေရာများတွင်မူ အဆင့် ၃ စသည်ဖြင့် အသီးသီး သတ်မှတ်ထား JMA က ပြောကြားခဲ့သည်။

အဆိုပါ ငလျင်ကြောင့် ဖူကူရှီးမား နျူကလီးယားစက်ရုံ၌ ပုံမှန်မဟုတ်သည့် အခြေအနေများ မတွေ့ရှိရကြောင်းနှင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း စက်ရုံ တာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.