Connect with us

Asia

အိန္ဒိယလေတပ်မှ လေယာဉ်တစ်စင်းပျောက်ဆုံးနေ

အိန္ဒိယလေတပ်မှ AN-32 လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ လေတပ်(IAF) မှ လူ ၁၃ ဦးခန့်လိုက်ပါလာသော AN-32 လေယာဉ်တစ်စင်းသည် ဇွန် ၃ ရက်တွင် ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူ၏ သတင်းအရင်းအမြစ်များအရ သိရသည်။

သတင်းအရင်းအမြစ်အရ ပျောက်ဆုံးနေသော လေယာဉ်သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းအာသံ (Assam) ပြည်နယ် Jorhat မှ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

“ မွန်းလွဲ ၁နာရီလောက်မှာ မြေပြင်နဲ့နောက်ဆုံး အဆက်အသွယ် ရရှိခဲ့တယ်။ အဲဒီနောက်တော့ အဆက်အသွယ်ပြတ်တောက်သွားတယ်” ဟု တရားဝင် သတင်းအရင်းအမြစ်များက ဖြည့်စွက်ဖော်ပြခဲ့သည်။

“ လေယာဉ်ကွင်းကို လေယာဉ်ဆင်းသက်ရောက်ရှိလာခြင်း မရှိချိန်ကတည်းက IAF က ကနဦး ရှာဖွေမှုတွေ စလုပ်ခဲ့ပါတယ်” ဟု သတင်းအရင်းအမြစ်က ဆိုသည်။ “ လေယာဉ်အမှုထမ်းစုစုပေါင်း ၈ ဦး နဲ့ခရီးသည် ၅ ဦးလိုက်ပါသွားတယ်။ တတ်နိုင်သမျှအရင်းအမြစ်အားလုံးကို သုံး၍ လေယာဉ်တည်နေရာကို ရှာဖွေနေပါတယ်” ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ (Xinhua)