Connect with us

Asia

ဂျပန်နိုင်ငံ တိုရီရှီးမားကျွန်းတွင် အင်အား ၆.၁ ရှိသော ငလျင်လှုပ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ

ဂျပန်နိုင်ငံ တိုရီရှီးမားကျွန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုရီရှီးမားကျွန်းတွင် ပြင်းအား ၆.၁ ရှိသောငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသလုပ်ငန်းက ဇွန်လ ၄ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နေ့လယ် ၁း၄၀ နာရီတွင် မြောက်လတ္တီကျု ၂၉.၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၃၉.၈ ဒီဂရီတွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသလုပ်ငန်း (JMA) ဖော်ပြချက်အရ သိရသည်။

ထိုငလျင်မှာ မြေအောက်အနက် ၄၄၀ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း JMA က ဆိုသည်။

ယင်းငလျင်ကြောင့် ပျက်စီးမှု သို့မဟုတ် ဒဏ်ရာရမှု သတင်းများအား မရှိသေးကြောင်းနှင့် JMA ကလည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။ (Xinhua)