Connect with us

Asia

အိန္ဒိယအမျိုးသမီးတစ်ဦး ညစ်ညမ်းဝက်ဘ်ဆိုက်များအား ပိတ်ပစ်ရန် တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့

ညစ်ညမ်းဝက်ဘ်ဆိုက်များအား ပိတ်ပင်ရန် ဖော်ပြထားသည့် ရုပ်ပုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယအမျိုးသမီးတစ်ဦးသည် ညစ်ညမ်းဝက်ဘ်ဆိုက်အားလုံးကို ချက်ချင်း ပိတ်ပင်ပေးရန် အိန္ဒိယနိုင်ငံ တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ပြီး လျှောက်ထားရခြင်းအကြောင်းရင်းမှာ ၎င်း၏ ခင်ပွန်းဖြစ်သူသည် ညစ်ညမ်းဝက်ဘ်ဆိုက်စွဲလမ်းသူတစ်ဦးဖြစ်လာပြီး ရလဒ်အနေဖြင့် ၎င်း၏ မိသားစုဘဝ ပြိုကွဲခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးက “ကျွန်မရဲ့ ခင်ပွန်းဟာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဝက်ဘ်ဆိုက် စွဲလမ်းသူတစ်ဦး ဖြစ်လာပြီး တန်ဖိုးရှိတဲ့အချိန်တွေအားလုံးကို ညစ်ညမ်းဝက်ဘ်ဆိုက်တွေ ကြည့်ရှုရင်းနဲ့ပဲ အချိန်ကုန်နေပါတယ်။ ယနေ့ခေတ်မှာ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို အင်တာနက်ကနေတစ်ဆင့် အလွယ်တကူပဲ ရှာဖွေကြည့်ရှုနိုင်တဲ့အတွက် ရလဒ်အနေနဲ့ ကျွန်မခင်ပွန်းဟာ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုများ၊ ရုပ်ပုံတွေကို ကြည့်ရှုရတာကို စွဲလမ်းရင်းနဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေရဲ့ သားကောင်ဖြစ်မှန်းမသိဖြစ်လာပါတယ်။ ဒါတွေက သူ့ရဲ့စိတ်အခြေအနေကို ပြောင်းလဲပစ်ခဲ့ပြီး ကျွန်မရဲ့ အိမ်ထောင်ရေးဘဝကို ချိုးဖျက် ပျက်စီးစေခဲ့ပါတယ်” ဟု အသနားခံစာ၌ ပြောကြားခဲ့သည်။

ယင်းအမျိုးသမီးသည် လက်ထပ်သက်တမ်း ၃၂နှစ်ရှိပြီဖြစ်ကာ ခင်ပွန်းသည်၏ ညစ်ညမ်းဝက်ဘ်ဆိုက်စွဲလမ်းမှု နှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူများ ပုံမှန်မဟုတ်တော့ဘဲ အိမ်တွင်းအကြမ်းဖက်မှုပုံစံမျိုးဖြင့် ဆက်ဆံနေသည့် အတွက်ကြောင့် ၎င်းသည် ဘဝ၏ အဆိုးဆုံးသော အခြေအနေ ကိုဖြတ်သန်းနေရကြောင်း သိရသည်။

၎င်းက “ကျွန်မ၏ခင်ပွန်းလို ရင့်ကျက်တဲ့ အသက်အရွယ်တောင်မှ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကြောင့် လမ်းမှားလိုက်နေတယ်ဆိုရင် ဘာမှမသိသေးတဲ့ ကလေးငယ်တွေရဲ့စိတ်ကို ဒီဝက်ဘ်ဆိုက်တွေက ဘယ်လိုဖြစ်လာစေမယ်ဆိုတာကို စိတ်ကူးကြည့်ကြပါ။ ကျွန်မကတော့ လိင်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်အားလုံး နဲ့ အမျိုးသမီးတွေနဲ့လိင်ပိုင်းဆိုင်ရာသရုပ်ဖော်ထားတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက် အမျိုးအစားအားလုံးကို ပိတ်ပင်ပစ်ဖို့ အကြံပေးလိုပါတယ်” ဟုပြောကြားခဲ့သည်။

အလားတူ လျှောက်ထားမှုမျိုးကို ၂၀၁၅ခုနှစ်ကလည်း အမျိုးသမီးရှေ့နေအဖွဲ့တစ်ဖွဲ့ က တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ဖူးပြီး လျှောက်ထားချက်၌ ညစ်ညမ်းဝက်ဘ်ဆိုက်အားလုံးကို ပိတ်ပင်ပေးရန် နှင့် လိင်ပိုင်းဆိုင်ရာ ဗီဒီယိုများ၊ ရုပ်ပုံများသည် ကလေးငယးများ၏ စိတ်အခြေအနေကို လမ်းမှားစေပြီး အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်ရန် ဦးတည်စေနိုင်ကြောင်း ပါရှိသည်။သို့သော် ဆိုရှယ်မီဒီယာများပေါ်တွင် နိုင်ငံတစ်ဝန်းမှ ဝေဖန်မှုများတက်လာပြီးနောက် အိန္ဒိယအစိုးရသည် ၂၀၁၅ခုနှစ် သြဂုတ်လတွင် ညစ်ညမ်းဝက်ဘ်ဆိုက်များအား ပိတ်ပင်တားမြစ်ထားခြင်းကို ပြန်လည်ဖွင့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.