Connect with us

Asia

ကင်ဂျုံနမ်းအသတ်ခံရမှုတွင် စတုတ္ထမြောက်သံသယရှိသူအဖြစ် မြောက်ကိုးရီးယားနိုင်ငံသားတစ်ဦးကို ဖမ်းဆီး

ကင်ဂျုံနမ်း အသတ်ခံရမှုဖြင့် အဖမ်းခံထားရသည့် တရားခံများချုပ်နှောင်ထားရာ မလေးရှားနိုင်ငံရဲအချုပ်ခန်းရှေ့ တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ တပ်ချထားစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် ၏ ဖအေတူမအေကွဲ ညီအစ်ကိုတော်စပ်သူ ကင်ဂျုံနမ်းအသတ်ခံရမှုတွင် ပါဝင်ဆက်နွယ်နေသည့် မြောက်ကိုးရီးယားနိုင်ငံသားတစ်ဦးကို ဖေဖော်ဝါရီလ ၁၈ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မလေးရှားနိုင်ငံရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

၎င်းမှာ ကင်ဂျုံနမ်းအသတ်ခံရမှုဖြင့် အဖမ်းခံရသည့် စတုတ္ထမြောက် သံသယ ရှိသူတစ်ဦးဖြစ် လာ ကြောင်းသိရသည်။ အဆိုပါ ဖမ်းဆီးခံရသူသည် မြောက်ကိုးရီးယားနိုင်ငံ၌ ၁၉၇ဝ ပြည့်နှစ် မေလ ၆ ရက်တွင် မွေးဖွားခဲ့သည့် Ri Jong Chol ဆိုသူဖြစ်ကြောင်း မလေးရှားနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲ Khalid Abu Bakar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားများအတွက် ထုတ်ပေးသည့် အလုပ်လုပ်ခွင့် သက်သေခံကတ်ပြား ( i-Kad ) တွင် ဖော်ပြချက်အရ အဆိုပါ မြောက်ကိုးရီးယားနိုင်ငံသား၏ မွေးနေ့သက္ကရာဇ်ကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲချုပ်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.