Connect with us

Asia

အိန္ဒိယအရှေ့ပိုင်းတွင် မီးရှူးမီးပန်းစက်ရုံမီးလောင်မှုကြောင့် လူ၈ဦးသေ၊ ၂၅ဦးဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ယခင်ကမီးလောင်မှုဖြစ်ပွားခဲ့သည့် မီးရှူးမီးပန်းထုတ်လုပ်သည့် စက်ရုံတစ်ရုံအားတွေ့စဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ် ရှိ တရားမဝင် မီးရှူးမီးပန်းထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြားလူ ၂၅ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။

Jharkhand ပြည်နယ် East Singhbhum ခရိုင် Kumardubi ကျေးရွာတွင် တရားမဝင် ဆောက်လုပ်ထားသော စက်ရုံ၌ စက်တင်ဘာ ၂၄ ရက် ညက မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။စက်ရုံအတွင်း တရားမဝင်ထုတ်လုပ်ထားသည့် မီးရှူးမီးပန်းပမာဏများစွာကို သိုလှောင်ထားပြီး ယင်းမီးပန်းများမှတစ်ဆင့် မီးစတင်လောင်ကျွမ်းကာ ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာကြောင်း Ghatsila မြို့နယ်မှူး Arvind Kumar က မီဒီယာသို့ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံး၏ နံရံပြိုကျခဲ့ပြီး ယင်းအပျက်အစီးများအောက်တွင် လူများပိတ်မိနေခဲ့ကြောင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေနေဆဲဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။အခြားတာဝန်ရှိသူတစ်ဦးက မီးလောင်မှုကြောင့် လူ၈ဦးသေဆုံးခဲ့ပြီး မီးလောင်ဒဏ်ရာရရှိသူများကို ပြည်တွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း၊ သေဆုံးသူ နှင့်ဒဏ်ရာရရှိသူတစ်ချို့သည် စက်ရုံအလုပ်သမားများဖြစ်ပြီး အချို့မှာ ဒေသခံများဖြစ်ကြောင်းပြောကြားခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် Raghubar Das က သေဆုံးသူများ၏ မိသားစုဝင်များအား နစ်နာကြေးအဖြစ် ရူပီး ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၀၀၀) ပေးအပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယအာဏာရ (BJP)ပါတီမှ လွှတ်တော်ကိုယ်စားလှယ် Bidyut Baran Mahato ကပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံတွင် လုံခြုံစိတ်ချမှုမရှိသည့် တရားမဝင် မီးရှူးမီးပန်းစက်ရုံများ မီးလောင်ကျွမ်းမှုကြောင့် နှစ်စဉ် လူများစွာ သေဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.