Connect with us

Asia

ဘာလီကျွန်းတွင် မီးတောင်ပေါက်ကွဲနိုင်ခြေရှိ၍ လူပေါင်း ၅၇,၀၀၀ကျော် နေအိမ်စွန့်ခွာထွက်ပြေးနေရ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Gunung Agung မီးတောင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဘာလီကျွန်းရှိ မီးတောင်တစ်ခု ပေါက်ကွဲနိုင်ခြေရှိ၍ နေအိမ်စွန့်ခွာ ထွက်ပြေးလာသူ အရေအတွက် ၅၇,၀၀၀ကျော်အထိ မြင့်တက်လာကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဋ္ဌာန ၏အကြီးတန်းအရာရှိတစ်ဦး က စက်တင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် Gunung Agung မီးတောင် လှုပ်ခတ်နိုင်မှု သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားကြောင်း သိရသည်။

မီးတောင်မျက်နှာပြင်ပေါ်ရှိ ချော်ရည်ပူများလှုပ်ရှားမှု ပိုမိုပြင်းထန်လာ၍ မီးတောင်ပေါက်ကွဲနိုင်ခြေပိုမို မြင့်တက်လာကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မီးတောင်တုန်ခါမှုကြိမ်နှုန်းများ နှင့် ပြတ်ရွေ့ကြောတုန်ခါမှုများ ပိုမိုမြင့်တက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးစခန်းများရှိ ရွှေ့ပြောင်းလာသူများထံသို့ သမ္မတ ဂျိုကိုဝီဒိုဒို စက်တင်ဘာ ၂၆ ရက်က လာရောက်ကြည့်ရှုခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.