Connect with us

Asia

အိန္ဒိယ တွင် လှေမှောက်မှုဖြစ်ပွားရာ ၈ဦးသေ ၃၀ဦးပျောက်ဆုံး

အိန္ဒိယတွင်လှေမှောက်မှုကြောင့် ပျောက်ဆုံးသွားသူများကို ရှာဖွေနေစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် စက်တင်ဘာ ၁၄ ရက်က ခရီးသည်အဆမတန်တင်ဆောင်လာသည့် လှေတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ ၈ဦးသေဆုံးပြီး အခြားလူ ၃၀ဦးကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါလှေသည် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့ အစွန်အဖျား ဘက်ပတ်ခရိုင်ရှိ Yaumna မြစ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘက်ပတ်ရဲဋ္ဌာနမှ ရဲအရာရှိတစ်ဦးက ဘက်ပတ်ခရိုင်တွင် စက်တင်ဘာ ၁၄ ရက်က လှေတစ်စီး တိမ်းမှောက်ခဲ့ရာ လူများစွာသေဆုံးခဲ့ကြောင်း၊ ရုပ်အလောင်း ၈လောင်းကို ဆယ်ယူရရှိထားပြီး လူ၁၂ဦးကို အသက်ရှင်လျက်ကယ်ဆယ်ရရှိခဲ့ပြီး ၎င်းတို့အား ပြည်တွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

အရာရှိ၏ပြောကြားချက်အရ အဆိုပါလှေတိမ်းမှောက်ချိန်တွင် လှေပေါ်၌ လူ ၆၀ဦးခန့် တင်ဆောင်လာကြောင်း သိရသည်။

၎င်းက ပျောက်ဆုံးနေသူ ၃၀ဦးကို ကြိုးပမ်းရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

လှေတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးတာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိခဲ့ကြောင်း အရာရှိက ပြောကြားခဲ့သည်။

Uttar Pradesh ပြည်နယ် ဝန်ကြီးချုပ် က လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း နှင့် သေဆုံးသူတစ်ဦးချင်းစီ၏ မိသားစုဝင်များကို လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၃,၁၂၁ဒေါ်လာ ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.