Asia
အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃ ဦး သေဆုံး၊ ၂ ဦး ပျောက်ဆုံး
ဆရီနာဂါ၊ မေ ၁၃ ရက် (ဆင်ဟွာ)
အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောင်းနေ အရွယ် ကလေး ၃ ဦးမှာ ရေစီးနှင့် မျောပါ သေဆုံးခဲ့ပြီး ရွာသား ၂ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက မေလ ၁၃ ရက်၌ ပြောကြားသည်။
အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသ ဂျမ်မူးရှိ နေရာ အတော်များများ၌ မေလ ၁၂ ရက် ညနေပိုင်း တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
ကျောင်းမှ ပြန်လာသည့် ကလေးငယ် ၃ ဦးမှာ Nallah ချောင်း၌ ပိတ်မိကာ ရေစီးဖြင့် မျောပါသွားကြောင်း၊ အခြား ကလေးငယ်များမှာမူ ကံကောင်း ထောက်မစွာဖြင့် လွတ်မြောက်လာခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။
တောင်ပေါ်မှ ကျောက်တုံးများ၊ ချုံပုတ်များ၊ သစ်ပင်များနှင့် သစ်လုံးများ ရောပါစီးဆင်းလာသည့် တောင်ကျရေ များသည် ချောင်းအတွင်းသို့ ရုတ်တရက် စီးဆင်းလာသလို လမ်းများနှင့် လူနေအိမ်များ၊ ဈေးဆိုင်များလည်း ပျက်စီးခဲ့ရသည်။
ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ အဓိက လမ်းမကြီးနှင့် အဝေးပြေးလမ်းများ ပိတ်ဆို့ခဲ့ပြီး မော်တော်ယာဉ် အမြောက်အမြား လမ်းမများပေါ်၌ သောင်တင်နေခဲ့ကြောင်း သိရသည်။ (Xinhua)