Connect with us

Asia

စင်ကာပူ နိုင်ငံတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးဆက်ခံရသူအား တွေ့ရှိ

ဇီကာဗိုင်းရပ်စ် ဖြစ်ပွားမှု လက္ခဏာများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စင်ကာပူ၊ မေ ၁၄ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးဆက်ခံရမှု ဖြစ်စဉ်အား မေလ ၁၃ ရက်တွင် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာန (MOH) နှင့် အမျိုးသား သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီ (NEA) က ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုး ကူးစက်ခံရသူသည် အသက် ၄၈ နှစ်အရွယ် စင်ကာပူနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ရသူ အမျိုးသား တစ်ဦး ဖြစ်ပြီး မေလ ၁၃ ရက်တွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးဆက်ခံထားရကြောင်း သွေးစစ်ကြည့်ရာမှ သိရှိခဲ့ခြင်းဖြစ်သည်။

ယင်းအမျုးိသားသည် ဘရာဇီးနိုင်ငံ၊ Sao Paulo မြို့သို့ မတ်လ ၂၇ ရက်မှ မေလ ၇ ရက် အထိ သွားရောက် ခဲ့ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ ၎င်းသည် မေလ ၁၀ ရက်မှစ၍ အဖျားရှိခြင်းနှင့် ခန္ဓာကိုယ်တွင် ယားနာ ဖုလေးများ ပေါက်လာခြင်းတို့ကို ခံစားရပြီးနောက် မေလ ၁၂ ရက်တွင် Mount Elizabeth Novena ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ သီးခြားအဆောင်၌ ထားရှိခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက လူနာအား ဆေးကုသမှု ခံယူရန်၊ ခြင်ကိုက်ခံရမှုများ အတတ်နိုင်ဆုံး လျော့ချနိုင်ရန်နှင့် တခြားသူများအား ကူးဆက်ခြင်းမှ ကာကွယ်နိုင်ရန် အတွက် သီးခြား ထားရှိရန် Tan Tock Seng ဆေးရုံရှိ ကူးဆက်ရောဂါများ ဆိုင်ရာ စင်တာသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
MOH ၏ ပြောကြားချက်အရ လက်ရှိတွင် လူနာ၏ ရောဂါအခြေအနေ ကောင်းမွန်လျက်ရှိပြီး ဇီကာဗိုင်းရပ်စ် လုံးဝမရှိကြောင်း ဆေးစစ်ချက် ရရှိမှသာလျှင် ဆေးရုံက ဆင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

MOH သည် လူနာနှင့် တစ်အိမ်ထဲ အတူနေထိုင်သူများအား စောင့်ကြည့်လျက်ရှိပြီး ၎င်းတို့အနေဖြင့် ကျန်းမာရေး ဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာ ရှိလာပါက ဆေးစစ်ရန်နှင့် ဆေးကုသမှု ခံယူရန် တိုက်တွန်း ထားသည်။ MOH နှင့် NEA တို့သည် လူနာနှင့် အနီးအနားတွင် နေထိုင်သူများအား ဖျားနာခြင်းနှင့် ယားနာဖုလေးများ ဖြစ်ပေါ်လာပါက ဆေးကုသမှု ချက်ချင်းခံယူရန် သတိပေး နှိုးဆော်ထားကြောင်း သိရသည်။

လူနာနေထိုင်ရာ ပတ်ဝန်းကျင်တွင် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားလေ့ မရှိသော်လည်း NEA သည် အေးဒီစ်ခြင် ပေါက်ပွားမှု အားထိန်းချုပ်သည့် လုပ်ငန်းများကို အဆိုပါ ပတ်ဝန်းကျင်တွင် အရှိန်အဟုန်မြှင့် လုပ်ဆောင် နေကြောင်း သိရသည်။ ထို့အပြင် NEA သည် အဆိုပါ လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ရန် အခြားဒေသမှ တာဝန်ရှိသူများ ကိုလည်း ထပ်တိုး နေရာချထားပေးကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117