Connect with us

Asia

အိန္ဒိယ နိုင်ငံ တွင် ဘတ်စ်ကား တစ်စင်း တိမ်းမှောက် ပြီးမီးလောင်ကျွမ်းခဲ့ရာ လူပေါင်း ၂၇ ဦး သေဆုံး

မေလ ၃ ရက်နေ့ ၌ အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် တွင် ခရီးသည် တင် ဘက်စ်ကား တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့စဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ မေ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ မေလ ၃ ရက်နေ့ ၌ နိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် တွင် ခရီးသည် တင် ဘက်စ်ကား တစ်စင်း တိမ်းမှောက် ပြီးမီလောင်ကျွမ်းခဲ့ရာ လူပေါင်း ၂၇ ဦး သေဆုံး ခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ၎င်း ဘတ်စ်ကား သည် နယူးဒေလီ သို့ မောင်းနှင်လာစဉ် အတွင်း Motihari ဒေသ သို့ရောက်ရှိချိန်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်းသည် အခင်းမဖြစ်ပွားမီ အခြားကားများ နှင့် မတိုက်မိစေရန် တိမ်းရှောင်မှုများ လုပ်ဆောင်စဉ် ကားလမ်းဘေးသို့ ရောက်ရှိကာ တိမ်းမှောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ တွင် ကားလမ်း အခြေအနေများ မကောင်းမွန်ခြင်း ၊ ယာဉ်မောင်းများ သတ်မှတ် အရှိန်ထက် ကျော်လွန်မောင်းနှင်ခြင်း နှင့် ဝန်ပိုတင်ဆောင်ခြင်း တို့ကြောင့် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ စာရင်းပြုစုချက် အချို့အရ အိန္ဒိယ နိုင်ငံ တွင် နှစ်စဉ် လူပေါင်း ၁ သိန်းခွဲ ခန့် ယာဉ်မတော်တဆမှုကြောင့် သေဆုံး ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.