Connect with us

Asia

အိန္ဒိယနိုင်ငံ၏ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ကွယ်လွန်သူ ဘောလီးဝုဒ် မင်းသမီး သျှရီဒေဝီ ရရှိ

အိန္ဒိယနိုင်ငံ ဘောလိဝုဒ် အကျော်အမော် သျှရီဒေဝီ ကာပူးရ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မေ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဘောလီးဝုဒ် အကျော်အမော် သျှရီဒေဝီ ကာပူးရ် (Sridevi Kapoor) သည် ၎င်း၏ နောက်ဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သော Mom တွင် ပါဝင်သရုပ်ဆောင်ခြင်းဖြင့် ယခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုအား ကွယ်လွန်ပြီးမှ ရရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ အမျိုးသား ရုပ်ရှင်ဆုများကို နယူးဒေလီမြို့၌ ဥက္ကဌ Ram Nath Kovind က မေလ ၃ ရက် ညနေပိုင်း၌ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆုကို သျှရီဒေဝီ ကိုယ်စား ၎င်း၏ခင်ပွန်း ရုပ်ရှင်ထုတ်လုပ်သူ Boney Kapoor နှင့် သမီးနှစ်ဦးတို့က လက်ခံရယူခဲ့သည်။ အသက် ၅၄ နှစ်အရွယ် သျှရီဒေဝီသည် ယခုနှစ် ဖေဖော်ဝါရီလတွင် ဒူဘိုင်းရှိ ဟိုတယ်တစ်ခု၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

“သျှရီဒေဝီလည်း ဒီနေ့မှာ ပျော်ရွှင်နေမှာပါ။ သူ့ကို သိပ်သတိရပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အလွန် ဂုဏ်ယူပါတယ်” ဟု ၎င်း၏ ခင်ပွန်း Boney က အခမ်းအနားပြီးနောက် မီဒီယာကို ပြောကြားခဲ့သည်။

Mom ရုပ်ရှင်တွင် သျှရီဒေဝီသည် ကျောင်းဆရာမတစ်ဦးအဖြစ်လည်းကောင်း၊ ၎င်း၏ ဆယ်ကျော်သက် သမီးလေးအား အတန်းဖော် တစ်ဦးအပါအဝင် အမျိုးသားအချို့က မတရားပြုကျင့်မှုအား လက်စားချေသည့် အမျိုးသမီး တစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။

၎င်းသည် ဒူဘိုင်းရှိ ဇိမ်ခံဟိုတယ်တစ်ခု၌ မိသားစု မင်္ဂလာဆောင်တစ်ခုသို့ တက်ရောက်ရန် ရောက်ရှိနေစဉ် ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီး အိန္ဒိယရုပ်ရှင်လောကအတွက် အံ့အားသင့်ခဲ့ရသည်။

သျှရီဒေဝီသည် အသက် ၄ နှစ်အရွယ်၌ ၁၉၆၇ ခုနှစ် တမီလ်ရုပ်ရှင်ဇာတ်ကား Kandan Karunai တွင် ပထမဆုံး ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။

သျှရီဒေဝီသည် ၁၉၈၀ ပြည့်နှစ်များနှင့် ၁၉၉၀ ပြည့်နှစ်များအတွင်း သရုပ်ဆောင်ကြေး အမြင့်ဆုံး မင်းသားများအကြား တန်းဝင်ဖြစ်ခဲ့သည့် အိန္ဒိယ ရုပ်ရှင်လောက၏ ပထမဆုံး အမျိုးသမီး သရုပ်ဆောင် တစ်ဦး ဖြစ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.