Connect with us

Asia

မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး အမေရိကန်သွား

တောင်ကိုရီးယားနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-young အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ မေ ၅ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့အကြား ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်၏ ထိပ်တန်း အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-yong သည် အမေရိကန်နိုင်ငံသို့သွားရောက်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်က ယနေ့မေလ ၅ ရက်တွင် ပြောကြားသည်ဟု ဒေသခံမီဒီယာက ရေးသားဖော်ပြခဲ့သည်။

အမည်မဖော်လိုသော အိမ်ပြာတော်အရာရှိတစ်ဦးက ဒေသခံ သတင်းသမားများအားပြောကြားရာတွင် မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးအစည်းအဝေး အကြောင်းဆွေးနွေးရန် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံအမျိုးသားလုံခြုံရေးအကြံပေးသည် အမေရိကန်နိုင်ငံသို့သွားရောက်၍ တံခါးပိတ်ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

အဆိုပါခရီးစဉ် နှင့်ပတ်သက်၍ ကြိုတင် သတင်းထုတ်ပြန်ခြင်းမပြုရန် အမေရိကန်နိုင်ငံ၏ တောင်းဆိုချက်အရ သတင်းမထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ပြာတော်အရာရှိ၏ ပြောကြားချက်အရသိရသည်။

ဆွေးနွေးပွဲပြုလုပ်မည့် နေရာ အပါအဝင် ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး အဖြေရှာရန် မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးဆွေးနွေးပွဲ၌ ကြီးမားသောသဘောတူညီမှုတစ်ခုရရန် အမေရိကန်လုံခြုံရေးအကြံပေး နှင့် Chung တို့ဆွေးနွေးခဲ့ဖွယ်ရှိကြောင်း တာဝန်ရှိသူက ခန့်မှန်းပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ တတိယအကြိမ်မြောက် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအဖြစ် နယ်စပ်ရှိ ပန်မွန်ဂျုံရွာ၌ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် Chung ၏ အမေရိကန်ခရီးစတင်ခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.