Asia
အိန္ဒိယ နိုင်ငံ တွင် ရက်ပေါင်း ၂၀ အတွင်း ပဉ္စမအကြိမ်မြောက် ရထားတွဲချော်မှု ထပ်မံ ဖြစ်ပွား

နယူးဒေလီ ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
အိန္ဒိယ နိုင်ငံ Uttar Pradesh ပြည်နယ် တွင် စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ရထားတွဲချော်မှု ထပ်မံ ဖြစ်ပွားခဲ့ပြီး ဤသည်မှာ ရက်ပေါင်း ၂၀ အတွင်း ပဉ္စမ အကြိမ်မြောက် ရထားတွဲချော်မှု ဖြစ်ပွားခြင်း ဖြစ်ကာ သေဆုံးဒဏ်ရာရရှိမှု မဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယ နိုင်ငံ ရထားလမ်း ဌာန အရာရှိ တစ်ဦး က ရထားတွဲချော်မှု သည် ဒေသစံတော်ချိန် စက်တင်ဘာ ၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ရထားသည် Uttar Pradesh ပြည်နယ် ကို ဖြတ်သန်း ခုတ်မောင်း နေစဉ် အတွင်း တွဲချော်မှု ဖြစ်ပွား ခဲ့ကာ ရထား တွဲ ၇ ခု တွဲချော်ခဲ့ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် အရာရှိ က ရထားတွဲချော်မှု ဖြစ်ပွား ချိန်တွင် အရှိန်နည်းသောကြောင့် ခရီးသည်များ သေဆုံးဒဏ်ရာရရှိမှု မဖြစ်ပွားခဲ့ကြောင်း ၊ ရထားလမ်း ဌာန အနေဖြင့် ယခုဖြစ်ပွား ခဲ့သည့် တွဲချော်မှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များ ဆောင်ရွက်ရန် ညွှန်ကြား ခဲ့ကြောင်း ပြောကြား ခဲ့သည်။
သြဂုတ်လ ၁၉ ရက်နေ့၌ အိန္ဒိယ နိုင်ငံ Uttar Pradesh ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် ရထားတွဲချော်မှု ကြောင့် လူပေါင်း ၂၄ ဦး သေဆုံးခဲ့ရပြီး လူ ၁၅၀ ဒဏ်ရရှိမှု ဖြစ်ပွား ခဲ့သည်။ အခင်းဖြစ်ပွားမှုကြောင့် အိန္ဒိယ နိုင်ငံ ရထားလမ်း ဝန်ကြီးဌာန ဝန်ကြီး က ရထားတွဲချော်မှု အဆက်မပြတ်ဖြစ်ပွားမှုကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)