Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102
Connect with us

Asia

အိန္ဒိယ နိုင်ငံ မွမ်ဘိုင်း မြို့ရှိ လူနေအဆောက်အဦ တစ်ခု ပြိုလဲမှု ဖြစ်ပွား ခဲ့ရာ သေဆုံးသူပေါင်း ၁၂ ဦး အထိ ရောက်ရှိလာ

ဇူလိုင်လ ၂၅ ရက်နေ့၌ မွမ်ဘိုင်းမြို့ရှိ လူနေအဆောက်အဦ တစ်ခု ပြိုလဲမှု ဖြစ်ပွား စဉ်(ဆင်ဟွာ)

မွမ်ဘိုင်း ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ ရဲတပ်ဖွဲ့ က ဇူလိုင်လ ၂၅ ရက်နေ့၌ မွမ်ဘိုင်းမြို့ရှိ လူနေအဆောက်အဦ တစ်ခု ပြိုလဲမှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်တွင် သေဆုံးသူပေါင်း ၁၂ ဦးရှိခဲ့ကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

မွမ်ဘိုင်း မြို့ မြောက်ပိုင်း ရှိ အထပ် ၄ ထပ်ရှိသည့် လူနေ အဆောက်အဦ တစ်ခု သည် ဇူလိုင်လ ၂၅ ရက်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်း ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် ပြိုလဲမှု ဖြစ်ပွား ခဲ့ပြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆောက်အဦ အတွင်း အိမ်ထောင်စုပေါင်း ၁၅ စု နေထိုင်နေကြကာ လက်ရှိချိန်တွင် လူ ၁၀ ဦးကျော် သည် ပြိုလဲသည့် အဆောက်အဦ အတွင်း ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဒဏ်ရာရရှိသူ များကို ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး အဖွဲ့ တို့မှလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကာ အခင်းဖြစ်ပွားသည့် အကြောင်းရင်း ကို မသိရှိရသေးပါ။

အိန္ဒိယ နိုင်ငံ တွင် အဆောက်အဦ ပြိုလဲမှုများ သည် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အဓိက အကြောင်းအရင်း များမှာ အဆောက်အဦ အိုဟောင်းခြင်း ၊ ရာသီဥတု ဆိုးရွားခြင်း နှင့် တည်ဆောက်မှု ပိုင်း စံချိန်မပြည့်မှီခြင်းတို့ကြောင့် ဖြစ်သည်။ စာရင်းပြုစုချက်အရ ၂၀၁၆ ခုနှစ် တစ်နှစ်တည်းတွင် မွမ်ဘိုင်းမြို့၌ အဆောက်အဦ ၄ ခု ပြိုလဲ ခဲ့ပြီး လူပေါင်း ၂၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.