Connect with us

Asia

မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်လည်ပတ်

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Choe Hui Chol သည် ဇူလိုင် ၂၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ သို့ အလည်အပတ်ရောက်ရှိလာကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်၌ Choe Hui Chol၏ ခရီးစဉ် ရည်ရွယ်ချက်မှာ ရှေ့အပတ်တွင်ပြုလုပ်မည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အစည်း (ASEAN) ဒေသတွင်းဖိုရမ် အစည်းအဝေး တွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပါဝင်မှုအတွက် ကြိုတင်ပြင်ဆင်မှုများအား ဆွေးနွေးသွားရန်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano က မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန မှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံသွားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

၎င်းက ၎င်းသည်လည်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး နှင့် ရှေ့အပတ်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ယခု ခရီးစဉ်သည် ဖိလစ်ပိုင်မှ လက်ခံကျင်းပမည့် ASEAN ပွဲနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံက ၂၀၁၇ခုနှစ်အတွက် ASEAN ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေသတွင်း ဖိုရမ်သည် အာရှရှိ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် အရေးကြီးသည့် ဖိုရမ်တစ်ခုဖြစ်ပြီး ယင်းဖိုရမ်၌ ASEAN အဖွဲ့ဝင်များ နှင့် ASEAN ရေးရာဆွေးနွေးသူများအနေဖြင့် အာရှပစိဖိတ်ဒေသ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အတူတကွဆွေးနွေးကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.