Connect with us

Asia

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း တွင် ဘတ်စ်ကား တစ်စင်း မြစ်ထဲကျခဲ့ရာ လူပေါင်း ၃၅ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း West Bengal ပြည်နယ် တွင် ဇန်နဝါရီ ၂၉ ရက်နေ့ ၌ ဘတ်စ်ကား တစ်စင်း မြစ်ထဲကျခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း West Bengal ပြည်နယ် တွင် ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဘတ်စ်ကား တစ်စင်း မြစ်ထဲကျခဲ့ရာ လက်ရှိချိန်တွင် လူပေါင်း ၃၅ ဦး သေဆုံး ခဲ့ပြီး အချို့ခရီးသည် များမှာ ပျောက်ဆုံး နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ အခင်းဖြစ်ပွား ခဲ့သည့် တည်နေရာ သည် West Bengal ပြည်နယ် မြို့တော် Kolkata နှင့် ကီလိုမီတာ ၂၀၀ ကျော် အကွာအဝေး တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ လူပေါင်း အနည်းဆုံး ၅၅ ဦး လိုက်ပါခဲ့သည့် ဘတ်စ်ကား တစ်စင်း ကာ အခြားကား တစ်စင်း ကို တိမ်းရှောင်ရာ တွင် အရှိန်မထိန်း နိုင်တော့ဘဲ မြစ်ထဲ ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ၊ အခင်း ဖြစ်ပွားပြီးနောက်တွင် ခရီးသည် ၆ ဦး က မြစ်ကမ်းဘေး သို့ ရေကူးလွတ်မြောက် နိုင်ခဲ့ပြီး လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ အနေဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ ရဲတပ်ဖွဲ့ က ကားလမ်းတွင် အမြင် မရှင်းလင်းမှု သည် အခင်းဖြစ်ပွား ခဲ့ရသည့် အဓိက အကြောင်းရင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး အခင်းကြုံတွေ့ခဲ့သည့် ခရီးသည် တစ်ဦး၏ ပြောကြားချက်အရ ယာဉ်မောင်း အနေဖြင့် အခင်း မဖြစ်ပွားမီ အဝေးပြေးလမ်းတွင် ကားမောင်းချိန်၌ လက်ကိုင်ဖုန်းပြောကြား နေခဲ့ကြောင်း သိရှိခဲ့ရသည်။

အခင်းဖြစ်ပွားပြီးနောက်တွင် West Bengal ပြည်နယ် ဝန်ကြီးချုပ် က အခင်းဖြစ်ပွားရာ နေရာသို့ လာရောက် ညွှန်ကြား ခဲ့ပြီး အစိုးရ အနေဖြင့် သေဆုံးခဲ့သူများ မိသားစု ထံသို့ တစ်ဦးလျှင် ထောက်ပံ့ကြေး အမေရိကန် ဒေါ်လာ ၇၈၀၀ ခန့် ပေးအပ်မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.