Connect with us

Asia

အိန္ဒိယ အစိုးရက အသုံးမကျသည့် ဗျူရိုကရက် ဝန်ထမ်း ၃၃ ဦးအား အလုပ် ထုတ်ပစ်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အခွန် ဦးစီးဌာနမှ အဆင့်မြင့် အရာရှိ ၃၃ ဦးအား အသုံးမကျသည့် ဗျူရိုကရက် ဝန်ထမ်းများ ဟူ၍ ပြင်းထန်သော အသုံးအနှုန်းများ သုံးကာ တစ်ပြိုင်တည်း အလုပ် ထုတ်ပယ်သည့် အမိန့်စာ တစ်စောင်ကို အိန္ဒိယ အစိုးရက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစိုးရ အရာရှိကြီးများသည် စွမ်းဆောင်ရည် ညံ့ဖျင်းခြင်းနှင့် အားနည်းချက်များ ရှိနေခြင်းကြောင့် နိုင်ငံ့ ဝန်ထမ်း အဖြစ်မှ သတ်မှတ်ချိန်ထက် စောပြီး အနားပေးရန် အိန္ဒိယ အစိုးရက မေလ ၆ ရက်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း အရင်းအမြစ်က ဆိုသည်။
သို့သော် ယခုဖြစ်စဉ်သည် နိုင်ငံ့ ဝန်ထမ်းများအား ပြင်းပြင်းထန်ထန် အလုပ် ထုတ်ပယ်သည့် ပထမဦးဆုံး ဖြစ်စဉ်တစ်ခု မဟုတ်ပေ။ လွန်ခဲ့သော ၂ နှစ်ကလည်း အနည်းဆုံး အဆင့်မြင့် နိုင်ငံ့ဝန်ထမ်း ၇၂ ဦးအား တစ်ချိန်တည်း တစ်ပြိုင်တည်း အလုပ် ဖြုတ်ပစ်ခဲ့သည့် ဖြစ်စဉ်မျိုးလည်း ရှိခဲ့သည်။
“အဲဒီ အရာရှိ ၁ဝ၅ ယောက် စလုံးက နိုင်ငံ့ ဝန်ထမ်း အဆင့် ၁ တွေပါ။ အသက် ၅ဝ ကျော် တွေပေါ့။ ဒါပေမယ့် သူတို့ဟာ အိန္ဒိယ အစိုးရရဲ့မျှော်လင့်ချက် တွေကို ရိုက်ချိုးပစ်ခဲ့လို့ အခုလို အရေးယ ူခံရတာပါ” ဟု သတင်း အရင်းအမြစ်က ဆိုသည်။
အမှန်စင်စင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါ မိုဒီသည် နိုင်ငံတွင်းရှိ ဗျူရိုကရက် ဝန်ထမ်းများအား တိုင်းပြည် အတွက် အကောင်းဆုံး စွမ်းဆောင်မည်လား ၊ အလုပ်အထုတ် ခံမည်လား ဟူ၍ ရှင်းရှင်းလင်းလင်း သတင်းစကား ပါးခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သော ဇန်နဝါရီလက ဌာန အသီးသီး၏ အတွင်းဝန်များကို စွမ်းဆောင်ရည် မရှိသော ဝန်ထမ်းများအား အရေးယူရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
“အသုံးမကျတဲ့ ဝန်ထမ်းတွေကို အိန္ဒိယ အစိုးရက အကြာကြီး စိတ်ရှည် သည်းခံပေးမှာ မဟုတ်ပါဘူး။ ကိုယ့်အလုပ်မှာ မြဲဖို့ဆိုရင် စွမ်းဆောင်ရည် ကောင်းကောင်းရှိရမယ်။ အစိုးရရဲ့ဆောင်ပုဒ်ကတော့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ဖို့ပဲ ” ဟု သတင်းအရင်း အမြစ်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.