Connect with us

Asia

တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၄ဝဝဝ ကျော်အား ဆိုးလ်မြို့တော်ဝန်က ဆန်ဂျီတန်ဖြင့် တည့်ခင်း ဧည့်ခံ

ဆိုးလ်မြို့Banpop ပန်းခြံထဲတွင် တရုတ်ခရီးသွားများ ဆန်ဂျီတန်ကြက်စွပ်ပြုတ်ဖြင့် ညစာစားပွဲ ဆင်နွှဲနေစဉ် (ဆင်ဟွာ)

ဆိုးလ် ၊ မေ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၄ဝဝဝ ကျော်အား ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ပန်းခြံထဲတွင် ကိုးရီယားရိုးရာ ဂျင်ဆင်းကြက်စွပ်ပြုတ် ဆန်ဂျီတန်ဖြင့် မေလ ၆ ရက်က ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။

တရုတ်ခရီးသွားများ တောင်ကိုးရီးယားနိုင်ငံသို့ပိုမိုလာရောက်ရန် ရည်ရွယ်ပြီး ကိုးရီးယားနိုင်ငံ အစားအစာဝန်ကြီးဌာန နှင့် ကိုးရီးယားခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်း၍ နာမည်ကျော် ကိုးရီးယားပြည်တွင်းဖြစ် အစားအသောက်ဖြင့် တည့်ခင်း ဧည့်ခံခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ တရုတ်ခရီးသွားများသည် လုပ်ငန်းခွင်ခံစားခွင့် အစီအစဉ်တစ်ခုဖြင့် ကိုးရီးယားနိုင်ငံသို့အလည်အပတ်သွားရောက်ခွင့်ရသော ကုမ္ပဏီဝန်ထမ်း ၈ဝဝဝ တွင် ပါဝင်ကြသူများဖြစ်သည်။ ၎င်း ခရီးစဉ်သည် ကုမ္ပဏီအစီအစဉ်ဖြင့် ကိုးရီးယားနိုင်ငံသို့သွားရောက် လည်ပတ်သော လူဦးရေ အများဆုံးပါဝင်သည့် ခရီးစဉ်တစ်ခုဖြစ်သည်။ ကျန်ရှိသည့် တရုတ်ခရီးသွား ၄ဝဝဝ သည်လည်း လာမည့် မေ ၁ဝ ရက်တွင် ပြုလုပ်မည့် ဆန်ဂျီတန် ညစာစားပွဲတွင် ပါဝင်ဆင်နွှဲကြမည်ဖြစ်သည်။
ဆိုးလ်မြို့၏ အကျော်ကြားဆုံး ပန်းခြံဖြစ်သည့် Banpo Hangang ဥယျာဉ်တွင် တရုတ်ဧည့်သည်များကို ဧည့်ခံခြင်းဖြင့် ကိုးရီးယားနိုင်ငံ၏ အတွေ့အကြုံကို အမှန်တကယ်ခံစားခွင့်ရမည်ဟု ဆိုးလ်မြို့တော်ဝန် Park Won-soon ကပြောသည်။
ဟန်မြစ်ကမ်းဘေးတွင် တည်ရှိသည့် Banpo ဥယျာဉ်တွင် စားပွဲအလုံးပေါင်း ၄ဝဝ ခင်းကျင်းကာ ဂျင်ဆင်းဖြင့် ပြုလုပ်ထားသော သောက်စရာများ ၊ ကင်မ်ချီ နှင့် ဘီယာအမျိုးမျိုးဖြင့် ဧည့်သည်များကို ဆိုးလ်အစိုးရအဖွဲ့က ကျွေးမွေးဧည့်ခံခဲ့ခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်း နိုင်ငံတွင် လူအသေအပျောက်ဖြစ်ခဲ့သော အသက်ရှုလမ်းကြောင်း (မားစ်ရောဂါ) ပျံ့နှံ့လာသည့် ၂ဝ၁၅ ခုနှစ်မှ စတင်ကာ ကိုးရီးယားနိုင်ငံသို့တရုတ်ခရီးသွားများ ဝင်ရောက်မှု ကျဆင်းခဲ့သည်။ ယင်းကာလနောက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှု တစ်ဖန်ပြန်လည်မြင့်တက်လာစေရန် လုပ်ဆောင်သွားမည်ဟု ကိုးရီးယားအာဏာပိုင်များက ကြေညာထားသည်။
၂ဝ၁၆ ခုနှစ် ပထမ ၂ လအတွင်း တောင်ကိုးရီးယားနိုင်ငံသို့တရုတ်နိုင်ငံသား ခရီးသွားများဝင်ရောက်မှုသည် ၁.ဝ၇ သန်းထိ ရှိခဲ့ရာ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း တရားဝင်စာရင်းဇယားများအရ သိရသည်။ (Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.