Connect with us

Asia

အိန္ဒိယ အရှေ့ပိုင်း ဆေးရုံ မီးလောင်မှုကြောင့် လူ ၂၃ ဦး သေဆုံး

မီးလောင်ကျွမ်းသည့် ဆေးရုံမှ ဒဏ်ရာရရှိသူများအား ကယ်ထုတ်လာစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ အောက်တိုဘာလ ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီရှာပြည်နယ်၏ မြို့တော် ဘူဘိန်းဆွာရှိ ပုဂ္ဂလိက အဆင့်မြင့် ဆေးရုံတစ်ခု၌ အောက်တိုဘာလ ၁၇ ရက် ညဘက်က မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၃ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

“ဆေးဝါးသိပ္ပံ တက္ကသိုလ်နှင့် Sum ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်မှာ ဒေသစံတော်ချိန် ည ၈း၀၀ နာရီ ဝန်းကျင်တွင် မီးစလောင်ခဲ့တယ်၊ ပြီးတော့ ကျောက်ကပ်နဲ့ ဆေးကုသဆောင်တွေဘက်ကို ချက်ချင်း မီးကူးစက်သွားတယ်၊ သေဆုံးသူ အများစုက အသက်ရှုကြပ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်တယ်” ဟု အဆိုပါ အဆင့်မြင့် ရဲအရာရှိက ပြောသည်။

မီးသတ်ကား ၁၀ စီးထက်မနည်း လာရောက်ခဲ့ပြီး မီးထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် လူနာအားလုံးကို ဆေးရုံမှ ပြောင်းရွှေ့ပြီး ဖြစ်ကြောင်း သိရသည်။

အထူးကြပ်မတ်ကုသဆောင်ရှိ ဆားကစ် ဝါယာရှော့ ဖြစ်ခြင်းကြောင့် ယခုလို မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း အဆင့်မြင့် မီးသတ်အရာရှိတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ဒေသခံ တီဗီလိုင်းတစ်ခု၌ ဖော်ပြထားပြီး ဆေးရုံ အဆောက်အဦ ပြင်ပသို့ အဖြူရောင် မီးခိုးလုံးကြီးများအား ရုပ်မြင်သံကြားက ပြသခဲ့သည်။

အိန္ဒိယနို်င်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက မီးလောင်ကျွမ်းမှု၌ သေဆုံးခဲ့ရသူများအတွက် ကြေကွဲ ဝမ်းနည်းကြောင်း ၎င်း၏ တွစ်တာ အကောင့်၌ ရေးသားခဲ့သည်။

မီးလောင်ကျွမ်းမှုအား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားခဲ့ပြီး ပေါ့ဆမှုကြောင့် (သို့မဟုတ်) သတ်မှတ် မီးလုံခြုံမှု စံနှုန်းများနှင့် မကိုက်ညီ၍ မီးလောင်ကျွမ်းရခြင်း ဖြစ်ပါက မည်သူ့ကိုမျှ ခွင့်လွှတ်မည် မဟုတ်ကြောင်း ရဲအရာရှိက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.