Asia
အီရန်အစိုးရက သြစတြေးလျလူမျိုး သူလျှို ၃ ဦး ဖမ်းဆီးခဲ့ကြောင်းသိရ

တီဟီရန် ၊ စက်တင်ဘာ ၁၈ ရက် ၊
အီရန်အာဏာပိုင်များက စက်တင်ဘာ ၁၇ ရက် ၌ သံသယဖြစ်ဖွယ် သြစတြေးလျလူမျိုး သူလျှို ၃ ဦး အား ဖမ်း ဆီးခဲ့ကြောင်း ၊ အီရန်တရားစီရင်ရေးရုံး က အတည်ပြုခဲ့သည်။
အချင်းဖြစ်ပွားမှု တွင်ဖမ်းမိ လူ ၃ ဦး က မှုခင်းနှစ်ခု နှင့် ပတ်သက်လျက်ရှိပြီး ၊ ၎င်း တို့ထဲမှ ၂ ဦး မှာ ဒရုန်း ဖြင့် အီရန်စစ်တပ် နေရာများ နှင့် ကန့်သတ်ထားသော နေရာများတွင် ဓာတ်ပုံ နှင့် ဗီဒီယိုများရိုက်ကူ မှုကြောင့် ဖမ်း ဆီးခံရကာ ၊ နောက် ၁ ဦး က အခြားနိုင်ငံများအတွက် သူလျှို လုပ်ဆောင်ပေးမှုကြောင့် ဖမ်းဆီးခဲ့ကြောင်း ၊ အီရန်တရားစီရင်ရေးရုံး၏ ပြောရေးဆိုခွင့်ရှိ သူ Esmaili ၏ ပြောကြားချက်မှ ကိုးကား၍ အီရန်အာဏာပိုင် Tasneim သတင်းကဆိုသည်။
Esmaili က လူ ၃ ဦး အား ဖမ်းဆီးချိန် နှင့် အခြားသတင်းအချက်အလက်များကို ဖော်ပြထားခြင်းမရှိပေ၊ ၎င်း လူ ၃ ဦး ၏ မှုခင်းနှစ်ခု ကို အီရန်တရားစီရင်ရေးရုံးက အမှုလက်ခံစစ်ဆေးသွားဖြစ်ကြောင်းသိရသည်။(XinHua)