Connect with us

Asia

ADB ဥက္ကဋ္ဌ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ရာထူးမှနုတ်ထွက်မည်

ADB ဥက္ကဋ္ဌ တာခဲဟိကို နာကာအိုအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် (ADB) ဥက္ကဋ္ဌ တာခဲဟိကို နာကာအို (Takehiko Nakao) သည် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်တွင် ကြေညာလိုက်ပြီး ယင်းသို့နုတ်ထွက်မှုမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်၌ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း မနီလာအခြေစိုက် ADB က ကြေညာချက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့ နုတ်ထွက်မှုကို စိတ်ကျေနပ်မှုနဲ့ ကျေးဇူးတင်ရှိမှုများဖြင့် ကြေညာလိုက်ခြင်းဖြစ်ပါတယ်။ ဝန်ထမ်း၊ ဘုတ်အဖွဲ့ဝင်များနဲ့ အစိုးရအဖွဲ့ဝင်များ၏ ထောက်ပံ့မှုများနဲ့အတူ အရာများစွာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု နာကာအိုက ဘဏ်ဝန်ထမ်းနှင့် ဘုတ်အဖွဲ့ဝင်များအပေါ် မှတ်ချက်ပြု ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၈ ရက်တွင် ဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဂျပန်နိုင်ငံသား နာကာအိုသည် ၎င်း၏ နုတ်ထွက်မှုနှင့်ပတ်သက်၍ အကြောင်းပြချက် ဖော်ပြခဲ့ခြင်း မရှိပေ။

ကြေညာချက်အရ ADB ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲအား ပွင့်လင်း မြင်သာမှုရှိပြီး အရည်အချင်းပေါ် အခြေခံထားသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်သွားမည် ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ်အား အဖွဲ့ဝင်နိုင်ငံ ၆၈ ခုက ပိုင်ဆိုင်ပြီး ယင်းအနက် အဖွဲ့ဝင်နိုင်ငံ ၄၉ ခုမှာ အာရှ-ပစိဖိတ်ဒေသမှ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.