Asia
၂၀၁၆ ခုနှစ်အတွင်း သီရိလင်္ကာသို့ သွားရောက်ခဲ့သည့် တရုတ် ခရီးသွား ၂၇၀,၀၀၀ ကျော် ရှိခဲ့

ကိုလမ်ဘို၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံသို့ ၂၀၁၆ ခုနှစ်အတွင်း တရုတ် ခရီးသွားဧည့်သည် ၂၇၀,၀၀၀ ကျော် ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဇန်နဝါရီလ ၃ ရက်တွင် ထုတ်ပြန်လိုက်သည့် သီရိလင်္ကာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဗျူရို စာရင်းအင်းများအရ သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ တစ်လထဲတွင် သီရိလင်္ကာသို့ ရောက်ရှိခဲ့သည့် တရုတ်ခရီးသွား ၁၉,၃၁၈ ဦး လာရောက်ခဲ့ပြီး တစ်နှစ်လုံးတွင် ခရီးသွား ၂၇၁,၅၇၇ ဦး ရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် သီရိလင်္ကာသို့ တရုတ်ခရီးသွား ၂၁၄,၇၈၃ ဦး ရောက်ရှိခဲ့ကြပြီး ယခင်နှစ်ကထက် ခရီးသွား လာရောက်မှုတွင် တရုတ်နိုင်ငံက ဒုတိယ အများဆုံး ဖြစ်သည်။
၂၀၁၆ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ခရီးသွား ၃၅၆၇၂၉ ဦး သီရိလင်္ကာသို့ လာရောက်ခဲ့ပြီး ၁၂.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ခရီးသွား ၃၀၀,၀၀၀ ဦး ရောက်ရှိခဲ့ကြောင်းနှင့် အကြီးမားဆုံး ဈေးကွက်အဖြစ် ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်တွင် သီရိလင်္ကာသို့ ခရီးသွားဧည့်သည် စုစုပေါင်း ၂.၀၅ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် သီရိလင်္ကာသို့ ခရီးသွားဧည့်သည် ၂.၅ သန်း ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီး John Amaratunga က ဇန်နဝါရီလ ၃ ရက်တွင် ပြောကြားလိုက်သည်။ (Xinhua)