Connect with us

Asia

သြစတြေးလျနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကို အင်ဒိုနီးရှားရပ်ဆိုင်း

အင်ဒိုနီးရှား နှင့် သြစတြေးလျ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းလေ့ကျင့်မှု အစီအစဉ်တစ်ခုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှား၏ အမျိုးသားစည်းမျဉ်းစည်းကမ်း ဥပဒေကို လေးစားမှုမရှိခြင်းကြောင့် သြစတြေးလျနိုင်ငံနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါဆုံးဖြတ်ချက်ကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ လလယ်ပိုင်းက ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်Wurjanto က ပြောသည်။

“ နည်းစနစ်ပိုင်းဆိုင်ရာအကြောင်းတရားတွေကြောင့် သြစတြေးလျနိုင်ငံနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကို အင်ဒိုနီးရှားနိုင်ငံဖက်က ယာယီရပ်ဆိုင်းလိုက်ပါတယ်” ဟု ဗိုလ်ချုပ် Wurjanto က ဆင်ဟွာသတင်းဌာနသို့တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ Pancasila အမျိုးသားစည်းမျဉ်းစည်းကမ်းဥပဒေကို လေးစားမှု မရှိခြင်းသည် အင်ဒိုနီးရှား အထူးတပ်ဖွဲ့ ( Kopassus ) နှင့် သြစတြေးလျနိုင်ငံ Western Perth ရှိ သြစတြေးလျ အထူးလေတပ် တပ်ဖွဲ့တို့အကြား ပြုလုပ်မည့် ပူးတွဲစစ်ရေးအတွက် အဓိက အဟန့်အတားတစ်ခုဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.