Asia
၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ ၉.၇ဘီလီယံသို့ ရောက်ရှိမည်
ကုလသမဂ္ဂ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
၂၀၅၀ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် လက်ရှိ ၇.၇ ဘီလီယံရှိရာမှ ၉.၇ ဘီလီယံ သို့တိုးလာမည်ဖြစ်ပြီး နောက် နှစ်ပေါင်း ၃၀အတွင်း ၂ ဘီလီယံ တိုးတက်လာရန် မျှော်လင့်ကြောင်း ဇွန် ၁၇ ရက်က ထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာ အရ သိရသည်။
၂၀၁၉ ခုနှစ် ကမ္ဘာ့လူဦးရေ ခန့်မှန်းချက်အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေသည် ၂၀၁၀ပြည့်နှစ်တွင် ၁၁ ဘီလီယံခန့်ဖြင့် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အစီရင်ခံစာအတည်ပြုချက်အရ ကမ္ဘာ့လူဦးရေတွင် မွေးစကလေးသေဆုံးမှု ကျဆင်းလာခြင်းနှင့် လူသက်တမ်း ပိုမိုမြင့်မားလာခြင်းကြောင့် သက်ကြီးရွယ်အို ပိုမိုတိုးတက်လာကြောင်း သိရသည်။
၂၀၅၀ပြည့်နှစ်တွင် အသက်(၆၅)နှစ်အရွယ် အုပ်စုသည် တိုးတက်မှုမြန်လာပြီး ကမ္ဘာပေါ်တွင် လူ ၆ ဦး၌ အသက် ၆၅ နှစ်ကျော်အရွယ် တစ်ဦးရှိလာမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် လူ ၁၁ ဦးတွင် အသက် ၆၅ နှစ်ကျော် အရွယ် ၁ဦးသာ ရှိရာမှ တိုးတက်လာလိမ့််မည် ဖြစ်ကြောင်း သိရသည်။
လူဦးရေအရွယ်အစား လျှော့ချသည့် နိုင်ငံများ ကမ္ဘာပေါ်တွင် ပိုမိုများပြားမည်ဖြစ်ကြောင်းလည်း သိရသည်။
၂၀၂၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျော်၍ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်လာမည်ဟု အစီရင်ခံစာက ဆိုသည်။(Xinhua)