Connect with us

Asia

ထိုင်း အဆိုတော်ဟောင်းတစ်ဦး မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုကြောင့် ဘန်ကောက်တွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း ဖမ်းမိခဲ့သော မူးယစ်ဆေးဝါးအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ထိုင်း အဆိုတော်ဟောင်းတစ်ဦးဖြစ်သူ ပရစ်ဆန်နာ ပရစ်ဆနိန် (Prissana Praisaeng) (ခေါ်) ပိုကီ (Pooky) သည် ကက်တမင်း ၅ ကီလိုဂရမ်ကျော် ကုန်ကူးခဲ့သည်ဟု စွပ်စွဲခံရမှုကြောင့် ဘန်ကောက်မြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

အသက် ၄၀ နှစ်ရှိပြီဖြစ်သော ပိုကီအား ၎င်းတို့ငှားရမ်းထားသောအိမ်တွင် အသက် ၄၉ နှစ်ရှိ ခင်ပွန်းနှင့်အတူ ဇွန်လ ၁၇ ရက်က ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ထိုဖမ်းဆီးမှုအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ရန်ဟု ယူဆရသော ဓာတုပစ္စည်းများနှင့် ပစ္စည်းကိရိယာများ နှင့်အတူ ခရစ္စတယ်မက် ၉၈.၃ ဂရမ်၊ မူးယစ်ဆေးဝါး ၈ ပြား၊ စိတ်ကြွဆေး ၁၀ ပြား၊ ကက်တမင်း ၄ ဂရမ်နှင့် ဆေးခြောက် ၄၀ ဂရမ်အား ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

ဇွန်လ ၁၇ ရက်က အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဟိုတယ်တစ်ခုတွင် ဖမ်းမိခဲ့ပြီးနောက် ယခုလို မူးယစ်ဆေးဝါးဖမ်းဆီးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားသည် ဘန်ကောက်မြို့တွင် မူးယစ်ဆေးဝါးဝယ်ယူရန် ရောက်ရှိနေခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က သတင်းရရှိပြီးနောက် ၎င်း၏အခန်းအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ဆေးလိပ်ပြာခွက် ၃၉ ခုတွင် ဝှက်ထားသော မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့သည်။

မူးယစ်ဆေးဝါးများကို အဆိုတော် ပိုကီထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အား အဆိုပါ အမျိုးသားက ပြောကြားခဲ့သည်။

အဆိုတော် ပိုကီတို့ ဇနီးမောင်နှံသည် မူးယစ်ဆေးဝါးရောင်းဝယ်နေခဲ့သည်မှာ တစ်နှစ်ကျော်ကြာနေပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ၎င်းတို့ဇနီးမောင်နှံအား မူးယစ်ဆေးဝါးများထုတ်လုပ်ခြင်းနှင့် ပြန်လည်ရောင်းချရန် လက်ဝယ်ထားရှိခြင်းများအတွက် တရားစွဲခြင်းခံထားရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.