Asia
ဂျပန်တွင်အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်

တိုကျို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Kii ကျွန်းဆွယ်ရှိ ဝါကာရာမစီရင်စု ၌ ကနဦးတိုင်းထွာချက်များအရ အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက နိုဝင်ဘာ ၂ရက်တွင်ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ မိုးလေဝသဌာန (JMA) ၏ ပြောကြားချက်အရ ငလျင်သည် မြောက်လတ္တီကျု ၃၃.၇ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၃၅ဒီဂရီရှိ မြေပြင်အနက် ၅၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)