Connect with us

Asia

သီရိလင်္ကာနိုင်ငံ သမ္မတက နိုဝင်ဘာလ ၅ ရက်တွင် လွှတ်တော်ကို ဆင့်ခေါ်ရန်ရှိ

သီရိလင်္ကာနိုင်ငံ Mahinda Rajapakse အား ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခြင်း အခမ်းအနားတွင် တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena သည် ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် နိုဝင်ဘာလ ၅ ရက်တွင် လွှတ်တော်ကို ဆင့်ခေါ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ်သစ် Mahinda Rajapakse က နိုဝင်ဘာလ ၁ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတက ၎င်း၏ ဆုံးဖြတ်ချက်ကို မိမိအားပြောကြားခဲ့ကြောင်း Rajapakse က သမ္မတဆိုင်ရာ အတွင်းဝန်ရုံးတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

လွှတ်တော် ဥက္ကဋ္ဌ Karu Jayasuriya သည် သမ္မတ Sirisena နှင့် အောက်တိုဘာလ ၃၁ ရက်က တွေ့ဆုံခဲ့ကြောင်း၊ ယခင် ဝန်ကြီးချုပ်ဟောင်း Ranil Wickremesinghe အား အောက်တိုဘာလ ၂၆ ရက်က ရာထူးမှ ဖယ်ရှားပြီး Rajapakse ကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ပြီးနောက် ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းအား အဖြေရှာရန် လွှတ်တော်ဆင့်ခေါ်ရေးအတွက် သမ္မတကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

မဲခွဲဆုံးဖြတ်ရေးအတွက် လွှတ်တော်ကို ဆင့်ခေါ်ပေးရန် တိုက်တွန်းထားသည့် ဥပဒေပြုအမတ် ၁၂၅ ဦး၏ လက်မှတ်ကို ရရှိထားကြောင်း Jayasuriya က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.