Connect with us

Asia

ပါကစ္စတန်၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုတွင် AIIB ရင်းနှီးမြှုပ်နှံ

အာရှ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု ဘဏ် ဥက္ကဋ္ဌ အလောင်းအလျာ ကျင်းလီချွင် (ဝဲ) နှင့် ပါကစ္စတန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး အီရှတ်ဒါ တို့ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်စဉ် (ဆင်ဟွာ)

အစ္စလန်မာဘတ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ၏ စွမ်းအင်၊ ပို့ဆောင်ရေး၊ ပင်လယ် ဆိပ်ကမ်းနှင့် မြို့ပြ ဖွံ့ဖြိုးမှု နယ်ပယ်များရှိ အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ငွေကြေး ထောက်ပံမှု ပြုလုပ် သွားရန် အောက်တိုဘာ ၇ ရက်နေ့က ယင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိ နေသော အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဥက္ကဋ္ဌ အဖြစ်လျာထားခံရသူ ကျင်း လီချွင်က စိတ်ဝင်စားမှု ပြသခဲ့သည်။

သြဂုတ်လ အတွင်းတွင် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်( Asian Infrastructure Investment Bank= AIIB) ၏ ဥက္ကဋ္ဌ ရာထူးအတွက် တရားဝင် အမည်စာရင်း တင်သွင်း ခံထားရသော ကျင်းသည် အလယ် အလတ် ဝင်ငွေ ရှိသော AIIB မှုလ အဖွဲ့ဝင် နိုင်ငံဖြစ်သည့် ပါကစ္စတန် သို့ ပထမဆုံး အကြိမ် အလည်အပတ် ရောက်ရှိနေပြီး ပါကစ္စတန် ဝန်ကြီးချုပ် နာဝက်ဇ် ရှရစ်ဖ်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တွေ့ဆုံ၍ ပါကစ္စတန် နိုင်ငံတွင် AIIB ရင်းနှီးမြှုပ်နှံခြင်း နှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများအား ဆွေးနွေးခဲ့သည်။

ရှာရစ်ဖ်က အစိုးရအဖွဲ့အနေဖြင့် တရုတ်နိုင်ငံ၏ အကူအညီနှင့် စွမ်းအင်ကဏ္ဍ အရင်းအမြစ်များနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံ ထားကြောင်း ကျင်း အား ပြောကြားခဲ့သည်။

အစ္စလန်မာဘတ် တွင် ပါကစ္စတန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး အီရှတ်ဒါ နှင့် ပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ကျင်းက “AIIB ဘဏ်အနေဖြင့် ဒီနိုင်ငံရဲ့ ပုဂ္ဂလိကပိုင်းရော အများနဲ့ဆိုင်တဲ့ အပိုင်းတွေမှာပါ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားမှာပါ၊ မတူညီတဲ့ နယ်ပယ်များမှာ ဆွေးနွေးဖို့ မကြာခင်မှာလဲ ဘဏ်က တာဝန်ရှိ သူတွေ တရားဝင်လာ ရောက်ဖို့ ရှိပါသေးတယ်” ဟု ပြောဆိုခဲ့သည်။

စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအင်၊ ပင်လယ်ဆိပ်ကမ်း၊ မြို့ပြ ဖွံ့ဖြိုးရေးနှင့် ရေပေးဝေရေး စသည်တို့တွင် လာမည့် ဆယ်စုနှစ်များအတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု အတွက် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်နှင့် အခြားဖွံ့ဖြိုးရေးဘဏ် များကဲ့သို့ ရှိထားပြီးသား ဖြစ်သော ဘက်စုံ ဖွံ့ဖြိုးမှု ဘဏ်များ နှင့် အတူ AIIB သည်လည်း နီးကပ်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကျင်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ပါကစ္စတန် ဘဏ္ဍာရေး ဝန်ကြီးဒါ ကလည်း နိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု အတွက် AIIB ငွေကြေး ထောက်ပံ့ ပေးမည့် အပေါ် ကြိုဆိုကြောင်းနှင့် AIIB အား အပြည့်အဝ ထောက်ပံ့ပေးမည့် အကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.