Connect with us

Asia

စင်ကာပူ စာတိုက်မှ ဒရုန်းလေယာဉ် အသုံးပြု စာဖြန့်ဝေမှု ကို ပထမဆုံး အောင်မြင်စွာ စမ်းသပ်

စင်ကာပူ စာတိုက်မှ ဒရုန်းလေယာဉ် အသုံးပြုပြီး စာပို့နေစဉ် (ဓာတ်ပုံ-SingPost)

စင်ကာပူ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

စင်ကာပူ စာတိုက် (SingPost) မှ တစ်နေရာမှ တစ်နေရာ မေးလ်ပို့ ရာတွင် လက်ခံသူကို မှန်ကန်စွာ ခွဲခြားနိုင်ရန် အတွက် မောင်းသူမဲ့ လေယာဉ် (UAV) အသုံးပြု၍ စာဖြန့်ဝေသည့် စနစ်အား အောင်မြင်စွာ စမ်းသပ် လုပ်ဆောင် နိုင်ခဲ့ကြောင်း ကုမ္ပဏီမှ ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ် ပျံသန်းမှုသည် ငါးမိနစ် ကြာမြင့်ခဲ့ကာ စာတစ်စောင်နှင့် တီရှပ်တစ်ထည်ကို အထုပ်ငယ်တွင် ထည့်ပြီး စင်ကာပူကျွန်းမှ ၂ ကီလိုမီတာ ကွာဝေးသည့် ပုလား ယူဘင် ကျွန်းသို့ ပို့လွှတ် နိုင်ခဲ့သည်။

SingPost သည် တစ်နေရာမှ တစ်နေရာ စာဖြန့်ဝေရာတွင် လက်ခံသူကို မှန်ကန်စွာ ခွဲခြားနိုင်ရန် UAV ကို ပထမဆုံး အောင်မြင်စွာ အသုံးပြုနိုင်သည့် ကမ္ဘာပေါ်ရှိ စာပို့ ဝန်ဆောင်မှု လုပ်ငန်းဖြစ်ကြောင်း သိရသည်။

ထို UAV ယာဉ် သည် ဝ.၅ ကီလိုဂရမ် အထိ သယ်ဆောင်နိုင်ပြီး အမြင့် ၄၅ မီတာ နှင့် အကွာအဝေး ၂.၃ ကီလိုမီတာ အထိ ပျံသန်း နိုင်ကြောင်း သိရသည်။ အဆိုပါ ဒရုန်းလေယာဉ် ပျံသန်းမှု၏ ရည်ရွယ်ချက်မှာ ဒရုန်း နည်းပညာ နှင့် နယ်နိမိတ် ဘေးကင်းလုံခြုံ မှု တို့ကို စမ်းသပ်ရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စမ်းသပ် ပျံသန်းမှု အောင်မြင်စွာ ပြီးဆုံး နိုင်ခဲ့ခြင်းသည် SingPost အနေဖြင့် လုပ်ရိုး လုပ်စဉ်များမှ ဖောက်ထွက် စဉ်းစားနိုင်ကြောင်းနှင့် ရှေးရိုးနည်းဖြင့် စာပို့ခြင်း ဓလေ့ကို တီထွင် ဆန်းသစ်ခြင်းဖြင့် ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း Infocomm Development Authority of Singapore (IDA) Labs စီမံခန့်ခွဲမှု ဒါရိုက်တာ ဂျက်က်လိုင်း ဖုန်း မှ ပြောကြားခဲ့သည်။

မောင်းသူမဲ့ လေယာဉ် (UAV) နည်းပညာ သည် ခရီးဝေး စာပို့ခြင်း ၊ ecommerce နှင့် ပတ်သက်၍ မှန်းဆ မရနိုင်သည့် အလားအလာကောင်းများ ရှိကြောင်း၊ SingPost ကို ecommerce ထောက်ပံ့ ပို့ဆောင်သူ အဖြစ် ပြောင်းလဲ လိုက်သောကြောင့် နောက်ပိုင်းတွင် လုပ်ငန်း ခေါင်းဆောင်များနှင့် ပူးတွဲ ဆောင်ရွက်သွားပြီး မျက်နှာစာသစ် လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း SingPost ၏ ဒီဂျစ်တယ် ဝန်ဆောင်မှု ခေါင်းဆောင် ဘားနတ် ရီယွန်က ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117