Connect with us

Asia

AirAsia က ရိုးလ်ရွိုက်စ် ၏ လာဘ်ပေးလာဘ်ယူကိစ္စတွင် မပါဝင်ကြောင်း ငြင်းဆန်

မလေးရှားလေကြောင်းလိုင်း AirAsia ပိုင်လေယာဉ်တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ တန်ဖိုးသင့်လေကြောင်းလိုင်း AirAsia က ဗြိတိန်နိုင်ငံ လေယာဉ်အင်ဂျင်ထုတ်လုပ်သူ ရိုးလ်ရွိုက်စ်၏ လာဘ်ပေးလာဘ်ယူကိစ္စတွင် ၎င်းအနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆန်ခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဇန်နဝါရီ ၂၄ ရက်တွင်ဖော်ပြခဲ့သည်။

ဗြိတိန်နိုင်ငံ မီဒီယာတစ်ခု၏ ကနဦးဖော်ပြချက်များအရ ဆိုးရွားသောလိမ်လည်မှုများစုံစမ်းစစ်ဆေးရေးရုံး (SFO) က လေယာဉ်အင်ဂျင်ထုတ်လုပ်သူ ရိုးလ်ရွိုက်စ်၏ လာဘ်ပေးလာဘ်ယူကိစ္စတွင် တရားမဝင်ပါဝင်နေသည့် ပြည်ပကုမ္ပဏီများအနက် တစ်ခုအနေဖြင့် AirAsiaကုမ္ပဏီအား နာမည်တပ်ခဲ့ကြောင်း သိရသည်။

ကွာလာလမ်ပူမြို့ရှိ စတော့အိတ်စ်ချိန်းတစ်ခုဖြစ်သည့် ဘာဆာ မလေးရှား ကလည်း AirAsia သည် ရိုးလ်ရွိုက်စ် နှင့် မည်သည့်ပတ်သက်မှုမျှမရှိကြောင်း ငြင်းဆိုခဲ့သည်။

AirAsia က ၎င်းသည် ရိုးလ်ရွိုက်စ် နှင့် ဆက်ဆံမှုများ မရှိခဲ့သလို ငွေပေးငွေယူမှုများလည်း မရှိခဲ့ကြောင်း၊ လာဘ်ပေးလာဘ်ယူကိစ္စ နှင့် ပတ်သက်၍လည်း မသိရှိရပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.