Connect with us

Asia

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် တွင် စက်လှေ တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၂၃ ဦး ပျောက်ဆုံး

အိန္ဒိယ နိုင်ငံ တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၌ စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် တွင် မေလ ၁၅ ရက်နေ့ ၌ လှေတစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၂၃ ဦး ပျောက်ဆုံး နေကြောင်း ဒေသတွင်း သတင်း မီဒီယာ များ၏ ဖော်ပြချက် အရ သိရှိရသည်။

အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ Andhra ပြည်နယ် အတွင်းရှိ စက်လှေတစ်စင်း သည် မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ခန့် အချိန်တွင် လူပေါင်း ၄၀ ကို တင်ဆောင်ထားပြီး Godavari မြစ် အတွင်း မောင်းနှင်နေစဉ် အတွင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် စက်လှေပေါ် လိုက်ပါခဲ့သူများ အနက် ၁၇ ဦး ကို ကယ်ဆယ် နိုင်ခဲ့ပြီး ၂၃ ဦး ပျောက်ဆုံး နေကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ အစိုးရ အနေဖြင့် လူပေါင်း ၁၆၀ ပါဝင် သည့် ဘေးဒုက္ခကယ်ဆယ်ရေး အရေး အဖွဲ့ဖွဲ့စည်း ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ အခင်းဖြစ်ပွားစဉ် မိုးပြင်းထန်စွာ ရွာသွန်းနေပြီး ရာသီဥတုဆိုးရွားခြင်း သည် စက်လှေ တိမ်းမှောက်ခဲ့ရသည့် အဓိက အကြောင်းရင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.