Connect with us

Asia

အင်ဒိုနီးရှား ရှိ ဈေးဝယ်စင်တာ တွင် ဗုံးတစ်လုံးတွေ့ရှိ

အင်ဒိုနီးရှားနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတစ်ခု ၌ ရဲတပ်ဖွဲ့တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Lampung ပြည်နယ် Bandar Lampung မြို့ရှိ ဈေးဝယ်စင်တာတစ်ခု တွင် အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့က ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

အဆိုပါ ဗုံးအား Arif Rahman Hakim လမ်းပေါ်ရှိ Transmart ဈေးဝယ်စင်တာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ က ယင်းဗုံးအား ဈေးဝယ်စင်တာ အပြင်ဘက်တွင် ဘေးကင်းစွာ ဖောက်ခွဲခဲ့ကြောင်း သိရသည်။

အရှေ့ဂျာဗားပြည်နယ် မြို့တော် ဆူရာဘာရာမြို့ တွင် မေ ၁၃ ရက် နှင့် ၁၄ ရက်က ဖြစ်ပွားခဲ့သော လူ ၂၈ဦးသေဆုံးပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့သည့် တိုက်ခိုက်မှုများအပြီး ယင်းဖြစ်စဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.